Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မကြာခင်မှာ တစ်ကိုယ်တော်အယ်လ်ဘမ်သစ်ထွက်ရှိမယ့် G-Dragon

မကြာခင်မှာ တစ်ကိုယ်တော်အယ်လ်ဘမ်သစ်ထွက်ရှိမယ့် G-Dragon

| No comment

Big Bang အဖွဲ့ခေါင်းဆောင် G-Dragon ကတော့ မကြာခင်မှာ တစ်ကိုယ်တော် အယ်လ်ဘမ်သစ် တစ်ခုကို ထွက်ရှိသွားတော့မှာဖြစ်တယ်လို့ YG Entertainment ကနေ အတည်ပြုလိုက်ပါတယ်။

YG ရဲ့ ထုတ်ပြန်ချက်အရတော့ G-Dragon ဟာ "အယ်လ်ဘမ်သစ်အတွက် မနားမနေ အလုပ်လုပ်နေပြီး လောလောဆယ်မှာတော့ ထွက်ရှိမယ့် အချိန်အတိအကျကို မသိရသေးကြောင်း ၊ The Black Label စတူဒီယိုမှာ သူ့ရဲ့ သီချင်းတွေအတွက် အလုပ်လုပ်နေကြောင်း " သိရပါတယ်။

The Black Label စတူဒီယိုဆိုတာကတော့ YG က ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ Teddy ရဲ့ စတူဒီယိုတစ်ခုဖြစ်ပါတယ်။ အေဂျင်စီရဲ့ပြောကြားချက်အရတော့ "G Dragon ဟာ သူ့ရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်သစ်မထွက်ခင် ဇွန်လအတွင်းမှာ သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပြုလုပ်သွားမှာဖြစ်တယ် " လို့ သိရပါတယ်။

YG က အယ်လ်ဘမ်သစ်အကြောင်းကို အတည်ပြုလိုက်တဲ့နေ့မှာပဲ G-Dragon ကလည်း သူ စတူဒီယိုမှာ သီချင်းသွင်းနေတဲ့ပုံကို Instagram စာမျက်နှာမှာတင်ထားခဲ့ပါတယ်။ ပုံထဲမှာတော့ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးတွေ ရှည်နေတဲ့ G-Dragon ကို တွေ့ရပါတယ်။

A post shared by G-DRAGON (@xxxibgdrgn) on

ဇွန်လမှာ ပြုလုပ်မယ့် သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့  “G-DRAGON 2017 CONCERT: ACT III, M.O.T.T.E”  လို့ နာမည်ပေးထားပြီး ဇွန်လ ၁၀ ရက်နေ့ ဆိုးလ်မြို့မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


Mocha

#celebrity.thithtoolwin.com

Ref : Soompi