Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Game of Thrones ဇာတ်လမ်းတွဲ prequel ဇာတ်လမ်းများတွင် လက်ရှိဇာတ်ကောင်များ ပါဝင်မည်မဟုတ်

Game of Thrones ဇာတ်လမ်းတွဲ prequel ဇာတ်လမ်းများတွင် လက်ရှိဇာတ်ကောင်များ ပါဝင်မည်မဟုတ်

| No comment

Game of Thrones စာရေးဆရာ George R.R. Martin က HBO မှာ ဇာတ်လမ်းတည်ဆောက်နေဆဲဖြစ်တဲ့ Thrones prequel ဇာတ်လမ်းတွေနဲ့ပတ်သက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပါပြီ။

Martin က သူ့ကိုယ်ပိုင် blog မှာ အလားအလာရှိတဲ့ ဇာတ်လမ်းတွဲတွေရဲ့ အသေးစိတ်အချက်အလက်တွေအများကြီးကို ဖော်ပြခဲ့ပါတယ်။

အရေးကြီးဆုံးအချက်အလက်တွေကတော့…

လက်ရှိဇာတ်ကောင်တွေနှင့် spinoff လုပ်ထားတာ တစ်ခုမှမပါပါဘူး။ မီဒီယာတွေက အသုံးပြုနေတဲ့ "spinoff" ဆိုတဲ့အသုံးအနှုန်းဟာ ပုံမှန်အားဖြင့် အနည်းဆုံး တည်ရှိပြီးသား ဇာတ်ကောင်တစ်ယောက်ကို အသုံပြုပြီး နောက်ဆက်တွဲဇာတ်လမ်း ဖန်တီးတာကို ရည်ညွှန်းတာဖြစ်တဲ့အတွက် ဒီစကားလုံးကို Martin က ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် Martin က ဒီဇာတ်လမ်းသစ်တွေကို ဝန်းရံနေတဲ့ အကြီးမားဆုံးမေးခွန်းကို ဖြေရှင်းခဲ့ပါတယ်။ "ဒီဇာတ်လမ်းသစ်တွေထဲမှာ GoT ကနေ အစဉ်အလာအတိုင်း 'spinning off' လုပ်ထားတာ တစ်ခုမှမပါပါဘူး။ ကျွန်တော်တို့က Joey တို့ AfterMASH တို့ Frasier တို့ Lou Grant တို့လို ဇာတ်လမ်းတစ်ခုက ဇာတ်ကောင်တွေက နောက်ဇာတ်လမ်းတစ်ခုမှာ ဆက်ပါနေတာမျိုးကို ပြောနေတာမှ မဟုတ်တာ။ ဒီတော့ Hot Pie ရဲ့ စွန့်စားခန်းတွေကို မျှော်လင့်နေတဲ့သူတွေကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေမှာပါပဲ။ လက်ရှိဆွေးနွေးနေတဲ့ ဇာတ်လမ်းတွေအားလုံးက sequel မဟုတ်ဘဲ prequel တွေပါ။တစ်ချိုဇာတ်လမ်းတွေက Westeros မှာ အခြေတည်တာတောင် ဟုတ်ချင်မှ ဟုတ်မှာ"

၅ ခုမြောက် ဇာတ်လမ်းရှိပါသေးတယ်။ အရင်က သတင်းပို့ထားတဲ့ ၄ ခုအစားအခုတော့ ၅ ခုမြောက် pilot ဇာတ်ညွှန်းပါရှိနေကြောင် Martin က ဖော်ပြခဲ့ပါတယ်။ ဒါကိုတော့ အခုချိန်ထိ HBO ကအတည်မပြုသေးပါဘူး။

ဇာတ်လမ်းတွေအားလုံးမှာ Martin က ပါဝင်ပတ်သက်နေပါတယ်။ အရင်က ကြေညာထားတဲ့ prequel ၄ ခုထဲက ၂ ခုမှာ သူ့ကို တွဲဖက်ရေးသားသူအဖြစ် တရားဝင် မှတ်တမ်းတင်ထားပေမယ့် ဇာတ်လမ်းတွေအားလုံးမှာ အနည်းနှင့် အများတော့ ပါဝင်လုပ်ဆောင်ထားပုံရပါတယ်။ "တကယ့်တော့ ကျွန်တော်က ဇာတ်ညွှန်းရေးဆရာ ၄ယောက်လုံးနဲ့ အတူလုပ်နေတာပါ။ ၄ ယောက်ထဲက တစ်ယောက်ချင်းစီတိုင်းက ကျွန်တော်ရှိနေတဲ့ Santa Fe ကို လာတွေ့ကြပါတယ်။ တစ်ချို့သူတွေဆိုရင် တစ်ခါထက်တောင် ပိုသေးတယ်။ ကျွန်တော်တို့ သူတို့ရဲ့ အကြံဉာဏ်တွေ၊ Westeros ရဲ့ သမိုင်းကြောင်းနဲ့ ကျော်လွန်နေတဲ့ ကမ္ဘာ၊ The Workd of Ice & Fire နဲ့ The Lands of Ice & Fire မှာပဲတွေ့နိုင်တဲ့ သောင်းပြောင်းထွေလာ အသေးစိတ်အချက်အလက်တွေကို ရက်ပေါင်းများစွာ ဆွေးနွေးကြတယ်။ သူတို့တွေအားလုံးက အံ့ဖွယ်ပါရမီရှင်တွေပါ။ သူတို့နဲ့ လက်တွဲလုပ်ကိုင်ဖို့ စိတ်အားထက်သန်မိပါတယ်။ လူကိုယ်တိုင်လာတွေ့တဲ့ ကြားထဲမှာ ဖုန်းဆက်တယ်၊ စာပို့တယ်၊ အီးမေးလ်ပို့တယ်။ ရှေ့ဆက်ပြီးတော့လည်း အပြန်အလှန် ဟိုဘက်ပို့လိုက် ဒီဘက်ပို့လိုက်တွေ ပိုများလာမယ် ထင်တယ်" အခုလောလောဆယ်အထိ မှတ်တမ်းတင်ထားတဲ့ ဇာတ်ညွှန်းရေးဆရာတွေကတော့ Max Broenstein (Kong: Skull Island, Fox' Minority Report); Jane Goldman ( Kingsman: The Secret Service, X-Men: First Class) နှင့် Martin; Brian Helgland (A Knight's Tale, L.A Confidential); Carly Wary (Mad Man) နှင့် Martin တို့ပါဝင်ပါတယ်။

prequel တွေက Martin ရဲ့ Dunk & Egg ဇာတ်လမ်းက တစ်ခုမှမဟုတ်ပါဘူး။ "နောက်ဆုံးကျရင်တော့ ကျွန်တော် အဲ့ဒီလိုလုပ်ချင်ပါတယ်။ ပရိသတ်တွေအများကြီးလည်း သဘောကျကြမှာပါ။ ဒါပေမယ့် ကျွန်တော် က လုံးချင်းဝတ္ထုတို ၃ ပုဒ်ပဲ ရေးသား ထုတ်ဝေရသေးတယ်။ ပြီးတော့ အနည်းဆုံး နောက်ထပ် ၇ ပုဒ်၊ ၈ ပုဒ်၊ ၁၀ ပုဒ်လောက် ဆက်ရေးချင်သေးတယ်။ ကျွန်တော်က ဘယ်လောက်နှေးကွေးတယ်၊ တီဗီဇာတ်လမ်းတွဲက ဘယ်လောက်မြန်မြန် လှုပ်ရှားတယ်ဆိုတာ အားလုံးသိပါတယ်။ Game of Thrones မှာ ဖြစ်ခဲ့တဲ့ တီဗီဇာတ်လမ်းက စာအုပ်ထက် ရှေ့ကြိုရောက်နေတာမျိုးထပ်မဖြစ်ချငိတော့ဘူး။ Dunk & Egg ဇာတ်လမ်းအားလုံးရေးပြီးသွားတဲ့ တစ်နေ့ရောက်ရင်တော့ တီဗီဇာတ်လမ်းတွဲ လုပ်ဖြစ်မှာပါ… ဒါပေမယ့် အဲ့ဒီနေ့ရောက်ဖို့က အများကြီးလိုပါသေးတယ်။

HBO က Robert ရဲ့ ပုန်ကန်မှုကို မချဲ့ထွင်တော့ပါဘူး။ ကောင်းပါလေရော! ပရိသတ်တွေက လုပ်စေချငတယ်ဆိုတာ သိပေမယ့် Martin ထောက်ပြတဲ့အတိုင်း  "ထောင်ချီတဲ့ ပရိသတ်တွေက ဖြစ်စေချင်တယ်ဆိုတာ သိပေမယ့်၊ အများဝိုင်းပြီး လက်မှတ်ထိုးထားတဲ့ အသနားခံစာတစ်ခုရှိတယ်ဆို သိပေမယ့်… A Song of Fire & Ice ကို ရေးလို့ပြီးသွားရင် Robert ရဲ့ ပုန်ကန်မှုမှာဖြစ်ပွားခဲ့တဲ့ သိသင့်တဲ့အချက်တွေအားလုံးကို သိရတော့မှာပါ။ ဒီလိုဇာတ်လမ်းထဲမှာ အံ့အားသင့်ဖွယ်ရာတွေ၊ လျှို့ဝှက်ချက်ကို ဖွင့်ချတာတွေ မကျန်တော့ဘဲ ပရိသတ်သိပြီးသားဖြစ်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို အငြင်းပွားဖွယ်လသရုပ်ဆောင်ပြသလိုပဲဖြစ်နေတော့မှာလေ။ ဒါက အခုချိန်မှာ ကျွန်တော် ပြောကြချင်တဲ့ခဇာတ်လမ်းမဟုတ်ဘူး။ ဇာတ်လမ်းတစ်ခုတည်းကို ၂ခါပြန်ပြောသလိုဖြစ်နေမယ်"

စိတ်အားထက်သန်စွာ စောင့်မျှော်နေတဲ့ The Winds of Winter ဝတ္ထုကို Martin က ရေးသားနေဆဲပါပဲ။ "ကျွန်တော် ကိုယ်ပွားရှိရင် ကောင်းမှာပဲ၊ ဒါမှမဟုတ် နေ့တစ်နေ့ထဲကို အချိန်ပို ပေါင်းထည့်လို့ရရင် ကောင်းမှာပဲ၊ ဒါမှမဟုတ် မအိပ်ဘဲနေလို့ရတဲ့ နည်းလမ်းရှိရင်ကောင်းမှာပဲလို့ ဆန္ဒဖြစ်မိတယ်ဆိုတာ ဝန်ခံပါတယ်"

Season ၇ ခုမြောက် Game of Thrones ဇာတ်လမ်းတွဲကို ဇူလိုင်လ ၁၆ ရက်တွင် HBO မှာပြသမှာဖြစ်ပါတယ်။

 RII

 #celebrity.thithtoolwin.com

 Ref:EW