Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , စစ်ပွဲကြီးစတင်လာတဲ့ Game of Thrones (season 7) Official Trailer ထွက်ရှိလာ

စစ်ပွဲကြီးစတင်လာတဲ့ Game of Thrones (season 7) Official Trailer ထွက်ရှိလာ

| No comment
မနေ့တုန်းက season သစ်အတွက် Official ပိုစတာထွက်ရှိလာပြီးနောက်မှာတော့ HBO က Game of Thrones (season 7) Trailer အပြည့်အဝကို ပွဲထုတ်လိုက်ပါပြီ။ Game of Thrones ကို ဇူလိုင်လ ၁၆ ရက်မှာ ပြသသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ season ရဲ့ အဆုံးမှာ နောက်ဆုံးတော့ Daenerys (Emilia Clarke) ရဲ့ နဂါးတွေနှင့် ပမာဏများပြားတဲ့ စစ်တပ်ကြီးက သားသမီးတွေ သေဆုံးသွားပြီး ဘုရင်မဖြစ်လာတဲ့ Cersei (Lena Headey) အုပ်စိုးတဲ့ Westeros ကို ချီတက်လာပါပြီ။ The Night King (season 6 တွင် Vladimir Furdik သရုပ်ဆောင်သည်) ရဲ့ စစ်တပ်ကလည်း တောင်ဘက်ကို ချီတက်လာနေပြီး တိုက်ပွဲဖြစ်တော့မှာပါ။

ဘာတွေဖြစ်လာမယ်ဆိုတာ သေချာမသိရသေးပေမယ့် Arya Stark အဖြစ်သရုပ်ဆောင်တဲ့ Maisie Williams က “အခုပဲ season 7 ဇာတ်ညွှန်းဖတ်ပြီးသွားတယ်။ တကယ့်ကို အကြီးအကျယ်ပဲ။ အခုကတည်းက ကိုယ့်ကိုကိုယ် အသင့်ပြင်ထားကြပါတော့… ပြန်ဖျက်လိုက်တော့ ဒီအတွက် ဘာကမှ အသင့်ပြင်ထားနိုင်မှာ မဟုတ်ဘူး” လို့ Twitter မှာ ပြီးခဲ့တဲ့နှစ်က ရေးသားခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲက George R.R. Martin ရဲ့ “A Song of Ice and Fire” ဝတ္ထုဇာတ်လမ်းတွဲကို အခြေခံရိုက်ကူးထားတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ season မှာတော့ တီဗီဇာတ်လမ်းက စာအုပ်ကို ကျော်တက်သွားပါပြီ။

Game of Thrones (season 7) အတွက် executive producer တွေကတော့ David Benioff, D.B. Weiss, Carolyn Strauss, Frank Doelger နှင့် Bernadette Caulfield; co-executive producer တွေကတော့ Guymon Casady, Vince Gerardis, George R.R. Martin နှင့် Bryan Cogman တို့နှင့် producer တွေကတော့ Chris Newman, Greg Spence နှင့် Lisa McAtackney တို့ပဲဖြစ်ပါတယ်။

                 Trailer:

      RII

     #Celebrity.thithtoolwin.com

      Ref:Comingsoom