HBO က ပရိသတ်ကြိုက်နှစ်သက်တဲ့ အတောင်ပံပါတဲ့ ဇာတ်ကောင်တွေနှင့်တခြားဇာတ်ကောင်းတွေရဲ့ Game of Thrones (season 7) ထဲက ဓာတ်ပုံသစ်တွေကိုထုတ်ပေးလိုက်ပါတယ်။ အခါတိုင်းထက်ပိုတိုတဲ့ season ၇ ခုမြောက် Game ofThrones ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်မှာ ပြသသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ season ရဲ့ အဆုံးမှာ နောက်ဆုံးတော့ Daenerys (Emilia Clarke)ရဲ့ နဂါးတွေနှင့် ပမာဏများပြားတဲ့ စစ်တပ်ကြီးက သားသမီးတွေ သေဆုံးသွားပြီးဘုရင်မဖြစ်လာတဲ့ Cersei (Lena Headey) အုပ်စိုးတဲ့ Westeros ကိုချီတက်လာပါပြီ။ The Night King (season 6 တွင် Vladimir Furdikသရုပ်ဆောင်သည်) ရဲ့ စစ်တပ်ကလည်း တောင်ဘက်ကို ချီတက်လာနေပြီးတိုက်ပွဲဖြစ်တော့မှာပါ။
ဘာတွေဖြစ်လာမယ်ဆိုတာ သေချာမသိရသေးပေမယ့် Arya Stark အဖြစ်သရုပ်ဆောင်တဲ့Maisie Williams က “အခုပဲ season 7 ဇာတ်ညွှန်းဖတ်ပြီးသွားတယ်။ တကယ့်ကိုအကြီးအကျယ်ပဲ။ အခုကတည်းက ကိုယ့်ကိုကိုယ် အသင့်ပြင်ထားကြပါတော့…ပြန်ဖျက်လိုက်တော့ ဒီအတွက် ဘာကမှ အသင့်ပြင်ထားနိုင်မှာ မဟုတ်ဘူး” လို့Twitter မှာ ပြီးခဲ့တဲ့နှစ်က ရေးသားခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲက George R.R. Martin ရဲ့ “A Song of Ice and Fire”ဝတ္ထုဇာတ်လမ်းတွဲကို အခြေခံရိုက်ကူးထားတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ seasonမှာတော့ တီဗီဇာတ်လမ်းက စာအုပ်ကို ကျော်တက်သွားပါပြီ။
Game of Thrones (season 7) အတွက် executive producer တွေကတော့ DavidBenioff, D.B. Weiss, Carolyn Strauss, Frank Doelger နှင့် BernadetteCaulfield; co-executive producer တွေကတော့ Guymon Casady, VinceGerardis, George R.R. Martin နှင့် Bryan Cogman တို့နှင့် producerတွေကတော့ Chris Newman, Greg Spence နှင့် Lisa McAtackneyတို့ပဲဖြစ်ပါတယ်။
RII
#Celebrity.thithtoolwin.com
Ref:Comingsoon

Ref: