Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Harry Styles ရဲ့ 'Sign of the Time' သီချင်းဗီဒီယိုထွက်ရှိလာ

Harry Styles ရဲ့ 'Sign of the Time' သီချင်းဗီဒီယိုထွက်ရှိလာ

| No comment

အသစ်ထွက်ရှိလာတဲ့ 'Sign of the Time'  သီချင်းဗီဒီယိုထဲမှာ Harry Styles က အမြင့်မှာ ပျံသန်းနေပါတယ်။ ဗီဒီယိုထဲမှာ One Direction အဖွဲ့ဝင်က သူ့ရဲ့အသစ်ထွက်ရှိလာမည့် ကိုယ်ပိုင်အမည်ပေးထားတဲ့ ပွဲဦးထွက် တစ်ကိုယ်တော်အယ်လ်ဘမ်ထဲက ပထမဆုံးသီချင်းကို သီဆိုရင်း လှပတဲ့ ရေမြေတောတောင် ရှုခင်းပေါ်မှာ ပျံဝဲနေတာဖြစ်ပါတယ်။

'Sign of the Time'  သီချင်းနှင့်အတူ Styles က အယ်လ်ဘမ်အသစ်ထဲက "Sweet Creature" သီချင်းကိုလည်း ဖြန့်ချိခဲ့ပြီး ဧပြီလတုန်းက Saturday Night Live မှာ ပါဝင်ခဲ့စဉ်က "Ever Since New York" သီချင်းနှင့်လည်း ဖျော်ဖြေခဲ့ပါတယ်။ အယ်လ်ဘမ်အပြည့်အစုံကတော့ မေလ ၁၂ ရက်မှာ ထွက်ရှိလာမှာပါ။

အယ်လ်ဘမ်ထွက်ပြီး ၄ လခန့်အကြာမှာတော့ Styles က နယ်လှည့်ဖျော်ဖြေပွဲကို စက်တင်ဘာလ ၁၉ ရက်မှာ San Francisco မြို့မှ စတင်မှာဖြစ်ပါတယ်။ လက်မှတ်တွေကို စတင်ရောင်းချခဲ့တဲ့ ပြီးခဲ့တဲ့သောကြာနေ့မှာပဲ စက္ကန့်ပိုင်းအတွင်းရောင်းကုန်သွာပြီး Ticketmaster စံချိန်ကို ချိုးခဲ့ပါတယ်။

"Harry Styles" လို့အမည်ပေးထားတဲ့ အယ်လ်ဘမ်ကတော့ မေလ ၁၂ ရက်မှာ ထွက်ရှိလာမှာပါ။

RII

#celebrity.thithtoolwin.com

Ref: EW