Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / James Bond မင်းသားကြီး Roger Moore အသက် ၈၉ နှစ်မှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်

James Bond မင်းသားကြီး Roger Moore အသက် ၈၉ နှစ်မှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်

| No comment

 မင်းသားကြီး Sir Roger Moore က “အချိန်တိုပေမယ့် ကင်ဆာရောဂါကိုသတ္တိရှိရှိရင်ဆိုင်ရင်း” အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံတွင်ကွယ်လွန်သွားကြောင်း ကျန်ရစ်သူမိသားစုက Twitter မှာ ရေးသားခဲ့ပါတယ်။ သူဟာ
အသက် ၈၉ နှစ်ရှိပါပြီ။

Moore ဟာ Live and Let Die နှင့် the Spy Who Loved Me အပါအဝင် ၁၉၇၃ခုနှစ်မှ ၁၉ ၈၅ ခုနှစ်တွင်း James Bond ရုပ်ရှင်ဇာတ်လမ်း ၇ ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ဗြိတိသျှစပိုင်အဖြစ်သရုပ်ဆောင်တဲ့တတိယမြောက်မင်းသားဖြစ်ပါတယ်။ သူ့ကို ၁၉၆၀ ခုနှစ်က တီဗီဇာတ်လမ်းTheSaintထဲကSimon Templar ဇာတ်ကောင်အဖြစ်နှင့်လည်း လူသိများပါတယ်။

Moore ကို “သူ့ရဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ၊ တီဗီဇာတ်လမ်းတွေနှင့် သူ့ရဲ့အကြီးမားဆုံး အောင်မြင်မှုလို့ယူထားတဲ့ UNICEF အတွက် အားသွန်ခွန်စိုက်လုပ်ဆောင်ပေးခဲ့တာတွေအတွက်” အမှတ်ရနေကြမှာဖြစ်ကြောင်း မိသားစုကရေးသားခဲ့ပါတယ်။

“သူ့ရဲ့နောက်ဆုံး နေ့ရက်တွေမှာ သူ့ကို ဝန်းရံထားတဲ့ ချစ်ခြင်းမေတ္တာတွေကကြီးမားလွန်းလို့ စကားနဲ့တောင် ဖော်ပြလို့မရနိုင်ပါဘူး။အခုလိုခက်ခဲတဲ့အချိန်မှာ Kristina (ဇနီး) အတွက် စဉ်စားပေးပြီးဝိုင်းဝန်းကူညီကြရမှာဖြစ်ပါတယ်” လို့ Moore ရဲ့ သမီးဖြစ်သူ Debora နှင့်သားနှစ်ယောက်ဖြစ်တဲ့ Geoffrey နှင့် Christian တို့ ဖော်ပြခဲ့ကြပါတယ်။

ဈာပနအခမ်းအနားကို “သူ့ဆန္ဒအတိုင်း” မိုနာကိုမှာကျင်းပမှာဖြစ်ပါတယ်။“အဖေ့ရဲ့ ဖြစ်တည်မှုနှင့် လူတွေအများကြီးအတွက်ထူးခြားတဲ့သူတစ်ယောက်ဖြစ်ခဲ့တဲ့အတွက် အဖေ့ကို ကျေးဇူးတင်ပါတယ်” လို့စိတ်ထိခိုက်ဖွယ်ရေးသားပြီး သားသမီးတွေက နိဂုံးချုပ်ခဲ့ပါတယ်။Moore ဆုံပါးသွားတဲ့သတင်း ထွက်ပေါ်လာပြီနောက် အနုပညာရှင်တွေအများကြီးကမင်းသားကြီးနှင့် သူ့မိသားစုကို ဝမ်းနည်းကြောင်း ဓာတ်ပုံတွေ၊အမှတ်တရတွေနှင့် အမှာစကားတွေကို Twitter မှာ မျှဝေခဲ့ကြပါတယ်။Moore ၁၅ နှစ်ကြာပေါင်းသင်းခဲ့တဲ့ ဇနီဖြစ်သူ Kristina Tholstrup နှင့်သားသမီး ၃ ယောက် ကျန်ရစ်ခဲ့ပါတယ်။

   RII

  #Celebrity.thithtoolwin.com

   Ref: ETonline