Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , စစ်မှုထမ်းမည့် အစီအစဉ်ကိုပြောပြခဲ့တဲ့ မင်းသား Ji Chang Wook

စစ်မှုထမ်းမည့် အစီအစဉ်ကိုပြောပြခဲ့တဲ့ မင်းသား Ji Chang Wook

| No comment


မင်းသား Ji Chang Wook က သူ့ရဲ့စစ်မှုထမ်းမည့် အစီအစဉ်ကို ပြောပြခဲ့ပါတယ်။

Ji Chang Wook က 'Suspicious Partner' ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ Nam Ji Hyun နှင့်အတူ  မေလ ၁၀ ရက်က SBS Power FM ၏ 'Cultwo Show' အစီအစဉ်မှာ ဧည့်သည့်အဖြစ်ပါဝင်ခဲ့ပါတယ်။ မင်းသားကို musicals လုပ်ဖို့အစီအစဉ်ရှိလားလို့ မေးတော့ "ကျွန်တော် အရင်ဆုံး စစ်မှုထမ်းရဦးမယ်။ ဒီဇာတ်လမ်းတွဲပြီးသွားရင် စစ်မှုထမ်းဖြစ်မယ်ထင်တယ်။ ပြန်လာရင်တော့ musical show တွေဆက်လုပ်မယ်" လို့ ဖြေသွားပါတယ်။

SBS ရဲ့  'Suspicious Partners ဇာတ်လမ်းတွဲမှာ ပါရမီရှင် အစိုးရရှေ့နေ (Ji Chang Wook) နှင့် တရားစီရင်ရေးဌာနမှ အလုပ်သင် (Nam Ji Hyun) တို့ပူးပေါင်းပြီး လူသတ်တရားခံကို ရှာဖွေဖော်ထုတ်တဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဇွန်လ ၂၉ ရက်အထိ ပြသသွားမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Allkpop