Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / သမီးဖြစ်သူ သတ်သေမှုကြောင့် Justice League ဇာတ်ကားကနေ ဒါရိုက်တာ Zack Snyder နှုတ်ထွက်

သမီးဖြစ်သူ သတ်သေမှုကြောင့် Justice League ဇာတ်ကားကနေ ဒါရိုက်တာ Zack Snyder နှုတ်ထွက်

| No comment

 Justice League ဇာတ်ကားရဲ့ ဒါရိုက်တာ ဖြစ်သူ Zack Snyder ဟာ မိသားစုတွင်း ကံဆိုးမိုးမှောင်ကျနေမှုတွေကြောင့် ဇာတ်ကားကနေ နှုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။ ဒီနေ့ Hollywood Reporter နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုကနေ အခုလိုမျိုး ကြေညာလိုက်တာပါ။ နောက်ပိုင်း ကျန်ရှိနေသေးတဲ့ Post-production အပိုင်းတွေကိုတော့ Avengers ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Joss Whedon က ဆက်လက်ရိုက်ကူးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဆနိုက်ဒါရဲ့ အသက် ၂၀အရွယ်သမီး ဖြစ်သူဟာ ပြီးခဲ့တဲ့ မတ်လတုန်းက မိမိကိုယ်ကို သတ်သေခဲ့ပြီး ဒီအတွက် သူ့အလုပ်ကို ဆုံးဖြတ်ချက် အလွဲအမှားတွေ မပြုလုပ်လိုတာကြောင့် အခုလို နှုတ်ထွက်ခဲ့တာ ဖြစ်ကြောင်း သူက ဆိုခဲ့ပါတယ်။ “ကျွန်တော် ဒီဇာတ်ကားကနေ နောက်ဆုတ်ပြီး ကျွန်တော့်ကို အရမ်းလိုအပ်နေတဲ့ မိသားစုနဲ့အတူ၊ ကလေးတွေနဲ့အတူနေဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ သူတို့မှာ ဆိုးရွားတဲ့ အချိန်တွေရှိခဲ့ပြီး ကျွန်တော်လည်း ရှိခဲ့ပါတယ်” လို့ ဆနိုက်ဒါက ဆိုပါတယ်။

ဆနိုက်ဒါဟာ ဘတ်ဂျက်ငွေမြောက်များစွာကုန်ကျခဲ့တဲ့ ဇာတ်ကားတွေဖြစ်တဲ့ 300, Watchmen, Man of Steel နဲ့ Batman v Superman: Dawn of Justice တို့လို ဇာတ်ကားတွေကို ရိုက်ကူးခဲ့ပါတယ်။ သူ့ရဲ့ပုံစံဖြစ်တဲ့ Dark Tones တွေနဲ့ ဇာတ်ကားတွေကို အသက်သွင်းလေ့ရှိသူ ဆနိုက်ဒါဟာ DC ပရိတ်သတ်နဲ့ ဝေဖန်သူအချို့ရဲ့ ဝေဖန်မှုတွေကို အကောင်းဆုံးပုံစံနဲ့ ပြသဖို့ ကြိုးစားနေတာပါ။ ဒီလိုဖိအားတွေကနေ Justice League Trailer မထွက်ခင်မှာပဲ သမီဖြစ်သူ သေဆုံးသွားခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမ့် ဒီအကြောင်းကို လျို့ဝှက်ထားခဲ့ပြီး ယခုမှ သတင်းထွက်လာခဲ့တာပါ။

Warner Bros ရဲ့ ဥက္ကဌဖြစ်သူ Tony Emmerich ကတော့ “ဒါ၇ိုက်တာဆိုတာဟာ စတိုင်တစ်ခု၊ ပုံစံတစ်ခု၊ Template တစ်ခုဆိုတာကဘာလဲဆိုတာ Zack က ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဇာတ်ကောင်သစ်တွေကို မိတ်ဆက်မှာ မဟုတ်ပါဘူး။ ရှိရင်းစွဲဇာတ်ကောင်တွေကို ပုံစံသစ်နဲ့ မြင်တွေ့ရမှာပါ။ သူအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ဒီဇာတ်ကားဟာ ကားကောင်းတစ်ကားဖြစ်လာဖို့ မျှော်လင့်ထားပါတယ်” လို့ ဆိုခဲ့ပါတယ်။

  Brucee

 #celebrity.thithtoolwin.com

  Ref: The Verge