Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Kendall+Kylie ဖက်ရှင်အတွက် အကြမ်းစားဓာတ်ပုံတွေနဲ့ Kendall Jenner

Kendall+Kylie ဖက်ရှင်အတွက် အကြမ်းစားဓာတ်ပုံတွေနဲ့ Kendall Jenner

| No comment


Kendall Jenner နဲ့ Kylie Jenner တို့နှစ်ယောက် ပူးပေါင်းဖန်တီးထားတဲ့ Kendall+Kylie brand ကတော့ ဆယ်ကျော်သက်တွေကြားမှာ ရေပန်းစားလျက်ရှိနေပါတယ်။

ဒီ့အတွက်လည်း ညီအစ်မနှစ်ယောက်လုံး ကြိုးစားနေကြတာကိုတွေ့ရပြီး ကိုယ်တိုင်မော်ဒယ်လ်ပြုလုပ်ပြီး Clothing Line အတွက် စိတ်ကြိုက်ပြင်ဆင်နေကြတာပါ။



ဒီတစ်ခေါက်မှာတော့ Kendall+Kylie Brand ရဲ့ Bodysuit အတွက် Kendall တစ်ယောက် ခန္ဒာကိုယ်အလှကို ဖော်ကျူးထားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးထားခဲ့တာပါ။ စတာလင်ပေါင် ၅၀တန်ဖိုးရှိတဲ့ Bodysuit အပြင် သူတို့ရဲ့ Branded ဂျင်းဘောင်းဘီတစ်ထည်ကိုလည်း ကြယ်သီးဖြုတ်ဝတ်ဆင်ပြီး ရိုက်ထားတာကိုလည်း တစ်ချို့ snap တွေမှာတွေ့မြင်ရပါတယ်။


ညီမဖြစ်သူ Kylie ကလည်း ဒီ့အတွက် ဓာတ်ပုံတွေအရိုက်ခံပေးခဲ့ပြီး နှစ်ယောက်လုံးရဲ့ ကြိုးစားမှုတွေရှိထားတဲ့ ဒီ Brand ကတော့ အောင်မြင်မှုတွေရယူဖို့လည်း အသင့်ဖြစ်လို့နေပါတယ်။


Kendall နဲ့ Kylie တို့ရဲ့ Kendall+Kylie Brand အတွက် ဓာတ်ပုံတွေကို အောက်မှာလည်း တင်ပေးထားပါတယ်။











Mocha

#celebrity.thithtoolwin.com

Ref : DailyMail