Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Kim Soo Hyun နှင့် Sulli တို့ပါဝင်ထားတဲ့ 'Real' ရုပ်ရှင် ဇာတ်လမ်းနမူနာထွက်ရှိလာ

Kim Soo Hyun နှင့် Sulli တို့ပါဝင်ထားတဲ့ 'Real' ရုပ်ရှင် ဇာတ်လမ်းနမူနာထွက်ရှိလာ

| No comment



'Real' ရုပ်ရှင်ရဲ့ ဇာတ်လမ်းနမူနာထွက်ရှိလာပါပြီ။

မျှော်လင့်တကြီးစောင့်စားနေကြတဲ့ ဒီဇာတ်ကားမှာတော့ Kim Soo Hyun, Sulli, Lee Sung Min  နှင့် Sung Dong Il တို့က ရည်မှန်းချက်ကြီးစွာနှင့် လောင်းကစားရုံ အင်ပါယာတည်ထောင်ဖို့ လောဘတကြီး ကြိုးစားနေတဲ့ အကြင်နာတရား ကင်းမဲ့ပြီး ရက်စက်ယုတ်မာတဲ့ လူတစ်ယောက်ရဲ့ဇာတ်လမ်းကို သရုပ်ဖော်ထားကြပါတယ်။

Kim Soo Hyun က အဓိကဇာတ်ဆောင် Jang Tae Young အဖြစ်သရုပ်ဆောင်ထားပြီး Sulli က physical therapist တစ်ယောက်ဖြစ်ပြီး Jang Tae Young ရဲ့ စိတ်ဝင်စားခြင်းကိုခံရတဲ့ Song Yoo Ha အဖြစ်သရုပ်ဆောင်ထားပါတယ်။

နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့အပြင် Suzy နှင့် IU တို့ကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။

'Real' ရုပ်ရှင်ကို ဇွန်လထဲမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

 RII

#celebrity.thithtoolwin.com

  Ref:Allkpop