Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Liam Payne ၏ တစ်ကိုယ်တော် ပွဲဦးထွက်သီချင်း 'Strip That Down' (Featuring Quavo) ထွက်ရှိမည်ဖြစ်ကြောင်း ကြေညာ

Liam Payne ၏ တစ်ကိုယ်တော် ပွဲဦးထွက်သီချင်း 'Strip That Down' (Featuring Quavo) ထွက်ရှိမည်ဖြစ်ကြောင်း ကြေညာ

| No comment


တစ်ကိုယ်တော်လှုပ်ရှားတော့မည့် နောက်ဆုံး One Direction အဖွဲ့ဝင်ကတော့ သူ့ရဲ့ကိုယ်ပိုင်လမ်ကြောင်းကို စတင်လျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ Liam Payne က သူ့ရဲ့ပထမဆုံးသီချင်းက မေလ ၁၉ ရက်မှာ ထွက်ရှိလာမှာဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါပြီ။

Facebook မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ စက္ကန့် ၄၀ စာ ဗီဒီယိုလေးထဲမှာ ထွက်ရှိမည့် နေ့စွဲနှင့် သီချင်းသစ်အမည် 'Strip That Down' ကို Payne က ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ အသက် ၂၃ နှစ်အရွယ် အဆိုတော်က ကြေညာချက်မထုတ်ခင် ၂၄ နာရီအလိုမှာ သဲလွန်စပေးခဲ့တဲ့ တဒုတ်ဒုတ်စည်းချက်သံနှင့် Payne ရဲ့ "yeah, yeah, yeah, yeah" ဆိုတဲ့ နားစွဲဖွယ်အသံတွေနှင့်ဆင်တူတဲ့ သီချင်းသံတွေပါဝင်ပါတယ်။

Payne က သဲလွန်စမချပေးခင်မှာ Migos ရဲ့ Quavo က 1D အဆိုတော်နှင့် ဗီဒီယိုတစ်ခုရိုက်ထားကြောင်း မကြာသေးခင်က ရေဒီယို အင်တာဗျူးတစ်ခုမှာ အရိပ်အမြွက်ပြောပြခဲ့ပါတယ်။ ကြေညာချက်ထုတ်တဲ့အခါမှာတော့  သူ့ရဲ့ပထမဆုံးသီချင်းက Quavo နှင့်တွဲဖက်သီဆိုထားတာဖြစ်ကြောင်း Payne က ဖော်ပြခဲ့ပြီး Migos rapper က "Move that down girl/ Love when you hit the ground girl" လို့ teaser ဗီဒီယိုထဲမှာ သီဆိုထားတာကို ကြားနိုင်ပါတယ်။

Payne ရဲ့ ဗီဒီယိုလေးကိုကြည့်ရင်း မေလ ၁၉ ရက်အတွက် အသင့်ပြင်လိုက်ပါ။

RII

#celebrity.thithtoolwin.com

Ref: Billboard