Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , "Man To Man" ဇာတ်လမ်းတွဲတွင် Song Joong Ki နှင့် Namgoong Min တို့ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်မည်

"Man To Man" ဇာတ်လမ်းတွဲတွင် Song Joong Ki နှင့် Namgoong Min တို့ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်မည်

| No comment

သရုပ်ဆောင် Song Joong Ki က "Man To Man" ဇာတ်လမ်းတွဲရဲ့ လာမည့်အပိုင်းတစ်ပိုင်းမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်မှာဖြစ်ကြောင်း JTBC ရဲ့ ကိုယ်စားလှယ်တစ်ယောက်က ဒီနေ့အစောပိုင်းမှာ အတည်ပြုလိုက်ပါတယ်။

JTBC ရဲ့ "Man To Man" ဇာတ်လမ်းတွဲဟာ အပြီးအစီးကြိုတင်ရိုက်ကူးထားတာဖြစ်တဲ့အတွက် Song Joong Ki က သူပါဝင်ထားတဲ့ အပိုင်း ၉ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သူက "Descendent of the Sun" ဇာတ်လမ်းတွဲမှာ Yoo Ah In ဧည့်သည်သရုပ်ဆောင်ခဲ့သလို ဘဏ်ဝန်ထမ်းနေရာက သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Song Joong Ki ရဲ့ ဇာတ်ကောင်ဟာ Park Sung Wong နှင့် Park Hae Jin တို့ရဲ့ ဇာတ်ကောင်တွေနှင့် အတူသရုပ်ဆောင်ရမှာဖြစ်ပြီး အချိန်တိုပေမယ့် စွဲထင်နေမည့် ခံစားချက်ကို ရရှိစေမယ်လို့ မျှော်လင့်ထားပါတယ်။

"Man To Man" ဇာတ်လမ်းတွဲကို ရေးသားသူ Kim Won Suk က အကြီးအကျယ်အောင်မြင်ခဲ့တဲ့ "Descendent of the Sun" ဇာတ်လမ်းတွဲကို Kim Eun Sook နှင့် တွဲဖက်ရေးသားခဲ့တာကြောင့် Song Joong Ki နှင့် လက်တွဲလုပ်ကိုင်ဖူးသူဖြစ်လို့ ပါဝင်ဖြစ်ခဲ့တာပါ။

သရုပ်ဆောင် Namgoong Min ကလည်း ဗီလိန် Nam Kyu Man အဖြစ် "Remember" ဇာတ်လမ်းတွဲထဲမှာ PD Lee Chung Min  နှင့် လက်တွဲလုပ်ကိုင်ဖူးတာကြောင့် "Man To Man" ဇာတ်လမ်းတွဲထဲမှာ့  ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်သွားမှာဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်ကောင်နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက် အနည်းငယ်ထွက်ရှိပြီးဖြစ်ပေမယ့် Nam Kyu Man ဇာတ်ကောင်နှင့် ခပ်ဆင်ဆင်နေရာက ပါဝင်မယ်လို့ ပြောသံတွေလည်း ကြားနေရပါတယ်။

RII

#celebrity.thithtoolwin.com

Ref: Soompi