Daniel Radcliffe က အမေရိကန်တီဗီဘက်ကို ဦးတည်လာပါပြီ။
Harry Potter မင်းသားဟောင်းက TBS ရဲ့ ဟာသဇာတ်လမ်း 'Miracle Workers' ဇာတ်လမ်းတွဲမှာ နတ်သားလေးအဖြစ် သရုပ်ဆောင်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ကကြေညာခဲ့ပါတယ်။ ဗြိတိသျှတီဗီဇာတ်လမ်း 'A Young Doctor's Notebook' မှာပါဝင်ခဲ့ပြီး Ricky Gervais ရဲ့ 'Extras' မှာ ဧည့်သည်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Radcliffe က ဒီဇာတ်လမ်းမှာတော့ "လူသားတွေရဲ့ ဆုတောင်းတွေအားလုံးကို ကိုင်တွယ်ဖြေရှင်းပေးရတဲ့ ရာထူးနိမ့် နတ်သားလေ" Craig အဖြစ်ပါဝင်ထားပါတယ်။ Craig ရဲ့ အရှင်သခင် နတ်ဘုရားအဖြစ် Owen Wilson က သရုပ်ဆောင်ထားပါတယ်။
"Daniel Radcliffe နဲ့ Owen Wilson တို့ TBS မိသားစုထဲကို ဝင်ရောက်လာတာက ဒီလောကထဲမှာ တီထွင်ဖန်တီးမှုအရှိဆုံးသူတွေရဲ့ အိမ်လို့ပြောလို့ရတဲ့ ဒီ comedy brand ရဲ့ တိုးတက်ပြောင်းလဲနေတဲ့ သက်သေပါ။ Owen Wilson က ဟာသပညာရှင်ဖြစ်နေတာကြာပါပြီ။ မနှစ်ကထွက်ခဲ့တဲ့ Swiss Army Man ဇာတ်ကားထဲက Daniel ရဲ့ သရုပ်ဆောင်မှုကလည်း အရမ်းတော်တဲ့ သရုပ်ဆောင်မှုနောက်ကွယ်မှာ အတွေ့အကြုံရှိတဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်ကြောင်း သက်သေပြနေပါတယ်" လို့ TBS ရဲ့ original programming အမှုဆောင် ဒုဥက္ကဌ Brett Weitz ကပြောပါတယ်။
'Miracle Workers' ဇာတ်လမ်းက Simon Rich ရဲ့ What in God's Name စာအုပ်ကို အခြေခံထားတာဖြစ်ပြီး Rich က ဖန်တီးသူနှင့် စီစဉ်သူအဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်။ Lorne Michaels က စီမံခန့်ခွဲသူပရိုဂျူဆာအဖြစ် ဆောင်ရွက်ထားပါတယ်။
"Simon နဲ့ Lorne တို့က သဘာဝကျခြင်းနဲ့ မဖြစ်နိုင်တာရဲ့ကြားက လမ်းကျဉ်းလေးကို လျှောက်တဲ့နေရာမှာ တကယ့်ပညာရှင်တွေပါပဲ။ သူတို့က ဟာသညာဏ်နဲ့ စိတ်နှလုံးကို မြှုပ်နှံပြီးလုပ်တတ်ကြတယ်" လို့ Weitz ကပြောပါတယ်။
၂၀၁၈ ခုနှစ်မှာ ထုတ်လွှင့်မည့် 'Miracle Workers' အပြင် ဇာတ်လမ်းတွဲသစ် ၃ ခုဖြစ်တဲ့ Regular Show creator J.G Quintel ရဲ့ ကာတွန်းဇာတ်လမ်းတွဲ Close Enough, Snoop Dogg တင်တက်မည့် The Joker's Wild reboot နှင့် The Dress Up Gang က ဟာသပညာရှင် ၃ ယောက်ရဲ့ အမည်မပေးရသေးတဲ့ ဇာတ်လမ်းတွဲသစ်တစ်ခုတို့ကိုလည်း TBS က ကြေညာခဲ့ပါတယ်။
TBS က Conan O'Brien နှင့် ၄ နှစ်စာချုပ်ချုပ်ထားပြီး Conan ကို TBS မှာ ၂၀၂၂ ခုနှစ်အထိ ပြသသွားမှာဖြစ်ပြီး "digital content, podcasting, gaming, အခပေး တီဗီနှင့် တိုက်ရိုက်ထုတ်လွှင်မှုတွေအထိ ချဲ့ထွင်သွားမှာဖြစ်ပါတယ်"။
RII
#celebrity.thithtoolwin.com
Ref