Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ယောက်ျားတွေကိုမုန်းတယ်ဆိုတဲ့ Nicki Minaj က Bella Hadid ရဲ့ လည်ပင်းကိုလျှာနဲ့လျက်ခဲ့

ယောက်ျားတွေကိုမုန်းတယ်ဆိုတဲ့ Nicki Minaj က Bella Hadid ရဲ့ လည်ပင်းကိုလျှာနဲ့လျက်ခဲ့

| No comment

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့  amfAR Gala ပွဲကို ကိန်းစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး နာမည်ကြီး အနုပညာရှင်ပေါင်းများစွာလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာနာမည်ကြီးကြသူတွေကတော့ စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Bella Hadid နဲ့ အဆိုတော် Nicki Minaj တို့ပဲဖြစ်ပါတယ်။

"#BreakTheInternet with my Bella @bellahadid #VampireInCannes," လို့ caption တပ်ထားတဲ့ ဓာတ်ပုံထဲမှာတော့ Nicki ဟာ သူမအတွက်အသည်းယားစရာဖြစ်နေတဲ့ မော်ဒယ်လ် Bella Hadid ရဲ့ လည်ပင်းကို လျှာနဲ့ ထိလုနီးပါးဖြစ်နေပါတယ်။ ဒီဓာတ်ပုံကိုတော့ Nicki က သူမရဲ့ တရားဝင် Instagram မှာ တင်ထားခဲ့ပြီး ပရိသတ်တွေကလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။


A post shared by Nicki Minaj (@nickiminaj) on

 "Anaconda" သီချင်းနဲ့ လူသိများတဲ့ Nicki ဟာ ဒီပွဲမှာတော့ အနက်ရောင် Lace ဝတ်စုံကို ဝတ်ဆင်လာခဲ့ပြီး သီချင်းဆိုဖျော်ဖြေမှုတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ Bella Hadid လည်း ကပိုကရိုဖြစ်တတ်တဲ့ သူမရဲ့ ဝတ်စားဆင်ယင်မှုကို ပြင်ဆင်လာခဲ့ပြီး ကျက်သရေရှိရှိနဲ့ လှပနေခဲ့တာပါ။

Nicki Minaj ကတော့ ရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ Nas နဲ့ Date နေတဲ့ သတင်းတွေကိုလည်း "ကျွန်မက လောလောဆယ် အေးဆေးပါပဲ။ အနားယူနေတာပါ။ ကျွန်မ ယောက်ျားလေးတွေနဲ့ မဒိတ်ဘဲ တစ်နှစ်လောက် ဖြတ်သန်းချင်ပါတယ်။ ယောက်ျားတွေကို မုန်းတယ်" လို့ Ellen Show မှာ ပွင့်ပွင့်လင်းလင်းပဲ ဖြေကြားခဲ့ပါတယ်။

























Mocha

#celebrity.thithtoolwin.com

Ref : Aceshowbiz