Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , လေးရက်အတွင်း ဒေါ်လာ သန်း ၃၀၀ ကျော် ရုံဝင်ငွေရရှိခဲ့တဲ့ Pirates 5

လေးရက်အတွင်း ဒေါ်လာ သန်း ၃၀၀ ကျော် ရုံဝင်ငွေရရှိခဲ့တဲ့ Pirates 5

| No comment


ကပ္ပတိန်ဂျက်စပဲရိုးလို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ Pirates of the Caribbean: Dead Men Tell No Tales
ဇာတ်ကားကတော့ ရုံတင်ပြီး လေးရက်အကြာမှာပဲ ဒေါ်လာ သန်း ၃၀၀ ကျော်အထိ ဝင်ငွေရရှိပြီး တာထွက်လှနေပါတယ်။ ဒီဇာတ်ကားရဲ့ အခုလိုဝင်ငွေကြောင့် Walt Disney ရဲ့ အမေရိကန်ပြည်တွင်း Box Office မှာတော့ ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်းအမှတ်တစ်ဘီလျံကျော်သွားခဲ့ပြီဖြစ်ပြီး တစ်ခြားဘယ် စတူဒီယိုကမှ ၂၀၁၇ မှာ မကျော်ကြသေးပါဘူး။


တရုတ်မှာ ရုံတင်ပြသရငွေဟာ သုံးရက်အတွင်း ဒေါ်လာ ၆၇.၈ သန်းအထိရရှိခဲ့ပြီး ဒါဟာ Captain America : Civil War နဲ့ Avengers : Age of Ultron တို့ပြီးရင်တော့ တရုတ်ရုံဝင်ငွေမှာ အများဆုံးဖြစ်လာခဲ့တာပါ။ ရုရှားရုံဝင်ငွေကတော့ ဒေါ်လာ ၁၈.၆ သန်းအထိရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီး Johnny Depp, Javier Bardem, Brenton Thwaites, Kevin R. McNally, Kaya Scodelario, Golshifteh Farahani, Stephen Graham, David Wenham နဲ့ Geoffrey Rush တို့ပါဝင်ထားတာဖြစ်ပါတယ်။


ရုံဝင်ငွေရဲ့ ဒုတိယနေရာမှာတော့ Chris Pratt, Zoe Saldana, Dave Bautista, Vin Diesel, Bradley Cooper, Michael Rooker, Karen Gillan, Sean Gunn, Pom Klementieff, Elizabeth Debicki, Chris Sullivan နဲ့ Kurt Russell တို့ ပါဝင်ထားတဲ့  Guardians of the Galaxy Vol. 2 က ဒေါ်လာသန်း ၂၀၀ နဲ့ ရပ်တည်နေပါတယ်။


Paramount Pictures က ထုတ်လုပ်ပြီး Dwayne Johnson, Zac Efron, Alexandra Daddario, Priyanka Chopra, Jon Bass, Kelly Rohrbach နဲ့ Ilfenesh Hadera တို့ပါဝင်ထားတဲ့ Baywatch ဇာတ်ကားကတော့ သုံးရက်အတွင်း စိတ်ပျက်စရာ ဒေါ်လာ ၁၈ သန်းသာရရှိပြီး တတိယနေရာမှာ ရပ်တည်နေတာပါ။

Pirates of the Caribbean: Dead Men Tell No Tales ကတော့ မကြာခင် မြန်မာနိုင်ငံမှာလည်း လာရောက်ရုံတင်ပြသတော့မှာပါ။

Mocha

#celebrity.thithtoolwin.com

Ref : Coming Soon