Selena Gomez ကတော့ 'Bad Liar' တစ်ယောက် မဟုတ်ပါဘူး။ Selenators တွေကို ကတိပေးထားတဲ့အတိုင်း သီချင်းသစ်ထွက်လာပြီလေ!
ဓာတ်ပုံတွေ သီချင်းတိုလေးတွေနှင့် သဲလွန်စပေးပြီးနောက်မှာ အသက် ၂၄ နှစ်အရွယ် အဆိုတော်မင်းသမီးက ဗုဒ္ဓဟူးနေ့ ညနှောင်းပိုင်းမှာ 'Bad Liar' သီချင်းသစ်ကို ပွဲထုတ်ခဲ့ပါတယ်။
မှတ်မိနိုင်တဲ့ ရော့ခ်သီချင်း နမူနာကို ကြားလိုက်ကြပါသလား? အဲ့ဒါကတော့ ၁၉၇၇ ခုနှစ်က Talking Heads "Psycho Killer" သီချင်းရဲ့ bass line ပဲဖြစ်ပါတယ်။
'Bad Liar' သီချင်းကို Justin Tranter, Julia Michaels, Ian Kirkpatrick တို့နှင့် တွဲဖက်ရေးသားထားခြင်းဖြစ်ပြီး Gomez နှင့် Kygo တို့ရဲ့ ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့တဲ့ "It Ain't Me" နောက်ပိုင်းမှာ ထွက်ရှိလာတာဖြစ်ပါတယ်။
သီချင်းမထွက်ခင် အင်္ဂါနေ့မှာ Gomez က သီချင်းစာသားတွေကို ကြည့်မှန်ပေါ်မှာ နှုတ်ခမ်းနီနှင့် ရေးသားထားတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုအပိုင်းတိုလေးတွေကို မျှဝေခဲ့ပါတယ်။ 13 Reasons Why executive producer က သူမ website မှာ countdown နာရီ တင်ထားကတည်းက ပရိသတ်တွေက 'Bad Liar' သီချင်းကို အသက်မရှူတမ်း စောင့်နေခဲ့ကြတာဖြစ်ပါတယ်။
RII
#celebrity.thithtoolwin.com
Ref