Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Snapchat ရဲ့ Co-founder နဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ မီရန်ဒါကား

Snapchat ရဲ့ Co-founder နဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ မီရန်ဒါကား

| No comment

နာမည်ကျော် မော်ဒယ်လ် မီရန်ဒါကားကတော့ နာမည်ကျော်ဆိုရှယ်အက်ပလီကေးရှင်း Snapchat  ရဲ့ co-founder ဘီလျံနာ အီဗန်စပီးဂဲလ်နဲ့ ရည်းစားသက်တမ်းကြာမြင့်လာပြီဖြစ်ပြီး အခုအခါမှာတော့ ရိုးရိုးဧည့်ခံပွဲငယ်တစ်ခုနဲ့သာ လက်ထပ်မှုပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ People မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရတော့ အသက် ၃၄ နှစ်အရွယ် မော်ဒယ်လ်နဲ့ အသက် ၂၆ နှစ်အရွယ် ဘီလျံနာတို့ဟာ စပီးဂဲလ်ရဲ့ လော့စ်အိန်ဂျလိစ်က နေအိမ်မှာပဲ အခုလို လက်ထပ်ပွဲကျင်းပလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပွဲကတော့ သေးပေမယ့် ဒါက တကယ်ကို ခမ်းနားပါတယ်လို့ မိတ်ဆွေတွေက ပြောကြပါတယ်။ အိမ်ရဲ့ ပန်းခြံထဲမှာ ကော့တေးလ်ပါတီကျင်းပပြီး လက်ထပ်ပွဲအခမ်းအနားကို စတင်ခဲ့တာဖြစ်ပြီး ပွဲဟာ ဂုဏ်သရေရှိရှိနဲ့ အထက်တန်းဆန်လွန်းတယ်လို့ ပွဲတက်ဧည့်သည်တွေကပြောကြပါတယ်။

When You Wish Upon a Star ကို စန္ဒယားဆရာက ဖျော်ဖြေပြီး ကော့တေးလ်သောက်ရတာက တကယ့်ကို ညိမ့်ညောင်းတဲ့ ခံစားမှုမျိုးကို ရရှိခဲ့တယ်လို့ ပွဲတက်ဧည့်သည်တစ်ယောက်က ပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ အော်လန်ဒိုဘလွန်းနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် မီရန်ဒါမှာ ခြောက်နှစ်သားအရွယ် ဖလင်းဆိုတဲ့ သားလေးတစ်ယောက်ကျန်ရှိခဲ့ပါတယ်။ ဘီလျံနာ စပီးဂဲလ်နဲ့ မီရန်ဒါကားတို့ဟာ ၂၀၁၄ ခုနှစ်တုန်းက Louis Vuitton ညစာစားပွဲမှာတွေ့ဆုံခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သူတို့ စေ့စပ်လိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ပေါင် ၁.၆၄ ဘီလျံထိကြွယ်ဝတဲ့ စပီးဂဲလ်ဟာ တစ်နှစ်ကို ပေါင် ၄.၃ သန်း ဝင်ငွေရှိတဲ့ မီရန်ဒါနဲ့ လက်ထပ်လိုက်တာဟာ ဟောလီးဝုဒ်မှာ အချမ်းသာဆုံးစာရင်းဝင်တဲ့ စုံတွဲတစ်တွဲဖြစ်လာစေခဲ့ပါတယ်။

စပီးဂဲလ်နဲ့ မီရန်ဒါကားတို့ သက်ဆုံးတိုင်ပေါင်းသင်းသွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Mocha
#celebrity.thithtoolwin.com
Src : Daily Mail