Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Spider-Man: Homecoming ဇာတ်လမ်းနမူနာသစ်နှင့် ပိုစတာသစ်များ ထွက်ရှိလာ

Spider-Man: Homecoming ဇာတ်လမ်းနမူနာသစ်နှင့် ပိုစတာသစ်များ ထွက်ရှိလာ

| No comment
Marvel Studios က Spider-Man: Homecoming ဇာတ်လမ်းနမူနာ အသစ်စက်စက် ၂ မျိုးကို ဖော်ပြလိုက်ပါတယ်။ တစ်မျိုးကတော့ domestic version ဖြစ်ပြီး နောက်တစ်မျိုးကတော့ international version ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ သရုပ်ဆောင်အဖွဲ့ပါဝင်တဲ့ ပိုစတာသစ် ၂ ခုလည်းပါဝင်ပါသေးတယ်။

Captain America: Civil War ဇာတ်ကားထဲမှာ လက်ဖျားခါလောက်အောင် ပွဲဦးထွက်ခဲ့တဲ့ ငယ်ရွယ်တဲ့ Peter Parker / Spider-Man (Tom Holland) က Spider-Man: Homecoming  ဇာတ်ကားထဲမှာ စူပါဟီးရိုးအဖြစ် အသစ်ရှာဖွေ့တွေ့ရှိလာတဲ့ သူရဲ့ဘဝသစ်ကို စတင်ပြီး လမ်းကြောင်းရှာရမှာဖြစ်ပါတယ်။

Avengers တွေနှင့် ရရှိခဲ့တဲ့ အတွေ့အကြုံတွေကြောင့် စိတ်လှုပ်ရှားရင်း Aunt May (Marisa Tomei) နှင့်အတူနေတဲ့ အိမ်ကို ပြန်ရောက်လာတဲ့ Peter က မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ဆရာသစ် Tony Stark (Robert Downey, Jr.) လက်အောက်ကို ရောက်နေပါပြီ။ သူ့ကိုယ်သူ friendly neighborhood Spider-Man ထက်ပိုတယ်ဆိုတာကို သက်သေပြဖို့ချင်တဲ့ စိတ်တွေနှင့် အာရုံထွေပြားလျက် Peter က သူ့ရဲ့နေ့စဉ်ဘဝထဲမှာ ပြန်အသားကျဖို့အတွက် ကြိုးစားနေပါတယ်။ ဒါပေမယ့် Vulture (Michael Keaton) က ဗီလိန်သစ်အဖြစ် ထွက်ပေါ်လာတဲ့အခါမှာတော့ Peter တန်ဖိုးထားတဲ့ အရာတွေအားလုံး ခြိမ်ခြောက်ခံရတော့မှာပါ။

Spider-Man: Homecoming ဇာတ်ကားထဲမှာ Zendaya, Jon Favreau, Donald Glover နှင့် Tyne Daly တို့လည်းပါဝင်ပါတယ်။

Spider-Man: Homecoming ကို John Francis Daley နှင့် Jonathan Goldstein, Jon Watts နှင့် Christopher Ford,Chris McKenna နှင့် Erik Sommers တို့က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ Jon Watts ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို Kevin Feige နှင့် Amy Pascal, Louis D’Esposito, Victoria Alonso, Patricia Whitcher, Jeremy Latcham နှင့် Stan Lee တို့က ထုတ်လုပ်မှာဖြစ်ပါတယ်။

      Domestic version:

    International version:

  Spider-Man: Homecoming ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

     RII

   #celebrity.thithtoolwin.com

    Ref:comingsoom