CBS က ထုတ်လွှင့်ပြသမယ့် Star Trek: Discovery စီရီးရဲ့ ပထမဆုံး Teaser Trailer ထွက်လာခဲ့ပါတယ်။ ဒီစီးရီးကို ထုတ်လွှင့်ပြသမယ်ဆိုပြီး CBS က ကတိပေးထားခဲ့တာကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကတည်းကပါ။
ဒါပေမယ့် ဒီနေ့မှ စတင်ပြီး Trailer ထွက်လာခဲ့တာပါ။ နက်ဝက်ရဲ့ ထုတ်ပြန်ချက်အရ ပထမဆုံး Season မှာ အပိုင်း ၁၅ပိုင်း ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။
Star Trek: Discovery မှာ Sonequa Martin-Green က First Officer Michael Burnham အဖြစ်ပါဝင်မှာဖြစ်တဲ့အပြင် Captain Georgiou အဖြစ် Michelle Yeoh က ပါဝင်မှာပါ။ Jason Isaacs ကလည်း Captain Lorca အဖြစ်ပါဝင်လာမှာဖြစ်ပြီး Starship Discovery ရဲ့ ခေါင်းဆောင်မှာပါ။
Star Trek: Discovery ကို CBS က ဒီနွေမှာ ပြသမယ်လို့ ဆိုထားပြီး Season ဘယ်လောက်အထိ သွားမယ်ဆိုတာတော့ သိရှိရခြင်းမရှိသေးပါဘူး။ Teaser Trailer ကိုအောက်မှာ ကြည့်နိုင်ပါတယ်။
#celebrity.thithtoolwin.com
Ref: Mashable, Engadget