Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / "The Emoji Movie" ဇာတ်လမ်းနမူနာသစ် ထွက်ရှိလာ

"The Emoji Movie" ဇာတ်လမ်းနမူနာသစ် ထွက်ရှိလာ

| No comment

 Sony Pictures Animation မှ "The Emoji Movie" ဇာတ်လမ်းနမူနာသစ်ကို ချပြလိုက်ပါတယ်။
"The Emoji Movie" ဇာတ်လမ်းထဲမှာ ဘယ်တုန်းကမှမမြင်ဖူးတဲ့ သင်တို့ရဲ့ စမတ်ဖုန်းထဲက လျှိုဝှက်ကမ္ဘာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ မက်ဆေ့ခ်ျ  app အတွင်းထဲမှာ ပုန်းကွယ်နေတာကတော့ ဖုန်းအသုံးပြုသူက ရွေးချယ်တာကို ခံရဖို့ မျှော်လင့်နေတဲ့ သင်တို့ရဲ့ အချစ်တော် emoji တွေအားလုံးနေထိုင်တဲ့ ဆူဆူညံညံ ပျားပန်းခပ်လှုပ်ရှားနေတဲ့ Testopolis မြို့တော်ပဲဖြစ်ပါတယ်။ ဒီကမ္ဘာမှာတော့ အမူအရာအမျိုးမျိုးနှင့် ပြည့်နက်နေပြီး ကန့်သတ်ချက်တွေမရှိဘဲ မွေးဖွားလာတဲ့ ရွှင်မြူးတက်ကြွတဲ့ emoji လေး Gene (T.J. Miller) ကလွဲရင် emoji တစ်ယောက်ချင်းစီတိုင်းဟာ မျက်နှာအမူအယာတစ်မျိုးတည်စီသာရှိပါတယ်။ 

တခြား emoji တွေလိုပဲ ပုံမှန်ဖြစ်ရမယ်လို့ စိတ်ဆုံးဖြတ်ထားတဲ့ Gene ဟာ အချစ်ဆုံးသူငယ်ချင်း Hi-5 (James Corden) နှင့် နာမည်ဆိုးနှင့်ကျော်ကြားတဲ့ စည်းမျဉ်းချိုးဖောက်သူ emoji Jailbreak (Ilana Glazer) တို့ကို အကူအညီတောင်းပါတယ်။ သူတို့ဟာ Gene ကို ပြုပြင်ပေးမည့် Code ကို ရှာဖွေဖို့အတွက် ဖုန်းထဲမှာရှိတဲ့ အထိန်းအကွပ်မဲ့ ပျော်ရွှင်ဖွယ် apps တွေကို ဖြတ်ကျော်ပြီး အတူတကွ "app-venture" စွန့်စားခန်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ပိုကြီးမားတဲ့ အန္တရာယ်က ဖုန်းကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ emoji တွေအားလုံးရဲ့ ကံကြမ္မာဟာ  သူ့တို့ရဲ့ ကမ္ဘာကို ထာဝရမဖျက်သိမ်းခံလိုက်ရခင် ကယ်တင်ရမည့် သူငယ်ချင်း ၃ ယောက်အပေါ်မှာ မူတည်နေပါတယ်။

"The Emoji Movie" ဇာတ်လမ်းထဲမှာ Steven Wright က Mel Meh အဖြစ်, Maya Rudolph က Smiler အဖြစ်, Jennifer Coolidge က Mary Meh အဖြစ်, Jake T. Austin က Alex အဖြစ်နှင့် Sir Patrick Stewart က Poop Emoji အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

လူကြိုက်အများဆုံးနှင့် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ စမတ်ဖုန်း app တွေထဲမှာ အခြေပြုထားတဲ့ Sony Pictures Animation ရဲ့ "The Emoji Movie" ဇာတ်လမ်းကို Michelle Raimo Kouyate (Puss in Boots, Silver Linings Playbook) က ထုတ်လုပ်ပြီး Columbia Pictures က ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၈ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

    RII

  #Celebrity.thithtoolwin.com

   Ref: comingsoon