Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Travis Scott နဲ့ ရတဲ့ကိုယ်ဝန်ရှိနေပြီလို့ ထင်ရတဲ့ Kylie Jenner

Travis Scott နဲ့ ရတဲ့ကိုယ်ဝန်ရှိနေပြီလို့ ထင်ရတဲ့ Kylie Jenner

| No comment

Kylie Jenner မှာ Travis Scott နဲ့ ရတဲ့ ကိုယ်ဝန်လွယ်ထားရပြီဖြစ်တယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကနေ သတင်းတွေထွက်လာခဲ့ပါတယ်။ Travis ရဲ့ အပေါင်းအသင်းတွေကတော့ Travis Scott ဟာ မကြာခင်မှာ ဖခင်တစ်ယောက်ဖြစ်တော့မှာလို့ ပြောနေကြပါတယ်။ အသက် ၂၅ နှစ်အရွယ် ရက်ပ်ပါဟာ Tyga နဲ့ ပြတ်ခဲ့တဲ့ Kylie ကို အရူးအမူးဖြစ်နေတယ်လို့လည်း သိရပါတယ်။

တက္ကဆက်မှာရှိတဲ့ သူ့ရဲ့အမျိုးတွေနဲ့ မိဘတွေကို Kylie Jenner နဲ့ မိတ်ဆက်ပေးပြီးဖြစ်ပြီး အဲ့နောက်ပိုင်းမှာ နှစ်ယောက်လုံးက အတည်တကျ လက်တွဲဖြစ်နေကြတာပါ။ Travis ရဲ့ မိသားစုကလည်း Kylie ကို သဘောကျနေကြပြီး Travis Scott ရဲ့ မွေးရပ်မြေ ဟောက်စတန်မှာလည်း ဘတ်စကက်ဘောပွဲကို အတူတကွ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

လောလောဆယ်မှာတော့ Kylie ဟာ Kendall+Kylie အဝတ်အစားနဲ့ ဖက်ရှင် Brand အတွက် အလုပ်ရှုပ်လျက်ရှိနေပြီး ဓာတ်ပုံရိုက်ကူးမှုတွေပြုလုပ်လျက်ရှိနေပါတယ်။ Kylie မှာ ကိုယ်ဝန်ရှိ/မရှိကတော့ မသေချာသေးပေမယ့်လည်း ဒီသတင်းဟာအမှန်ဖြစ်လာဖို့တော့ ရာနှုန်းများလျက်ရှိနေပါတယ်။


Mocha

#celebrity.thithtoolwin.com

Ref : Aceshowbiz