Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Vanity Fair မဂ္ဂဇင်းမျက်နှာဖုံးပေါ်က Star Wars: The Last Jedi ဓာတ်ပုံများ

Vanity Fair မဂ္ဂဇင်းမျက်နှာဖုံးပေါ်က Star Wars: The Last Jedi ဓာတ်ပုံများ

| No comment



ဒီတစ်ပတ်မှာ Star Wars ဇာတ်လမ်းတွဲရဲ့ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ်Walt Disney Pictures နှင့် Lucasfilm ရဲ့ Star Wars: The Last Jediမှာပါဝင်တဲ့ သရုပ်ဆောင်တွေကို Annie Leibovitz ကဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။ ဒီဓာတ်ပုံတွေပါဝင်တဲ့ မဂ္ဂဇင်းမျက်နှာဖုံး ၄မျိုးကို Vanity Fair က ဖော်ပြခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ပိုများတဲ့ဓာတ်ပုံတွေနှင့် အင်တာဗျူးကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ပထမဆုံးမျက်နှာဖုံးပေါ်မှာတော့ Daisy Ridley ရဲ့ Rey နှင့် Mark Hamillရဲ့ Luke Skywalker တို့က Ahch-To ဂြိုလ်ပေါ်ရောက်နေပါတယ်။ဒုတိယတစ်ခုမှာတော့ First Order ရဲ့ Captain Phasma (GwendolineChristie), General Hux (Domhnall Gleeson) နှင့် Kylo Ren (Adam Driver)တို့ပါဝင်ပါတယ်။ Driver က Kylo Ren ရဲ့ ဒဏ်ရာက သူ့မျက်နှာပေါ်ကကြောက်မက်ဖွယ် အမာရွတ်ထက် ပိုပြီးနက်ရှိုင်းကြောင်း ပြောပြခဲ့ပါတယ်။
တတိယမျက်နှာဖုံးကတော့ Poe Dameron (Oscar Isaac), Finn (John Boyega),BB-8 နှင့် Rose Tico (Kelly Marie Tran) တို့ပါဝင်ထားပါတယ်။နောက်ဆုံးတစ်ခုမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Carrie Fisher က Leiaအဖြစ်ပါဝင်ထားပါတယ်။

Star Wars: The Last Jedi ကို Rian Johnson (Brick, Looper) ကဇာတ်လမ်းရေးသား ရိုက်ကူးထားပြီး Star Wars: The Force Awakens မှာမိတ်ဆက်ခဲ့တဲ့ ဇာတ်ကြောင်းကို ဆက်လက်ပြသမှာဖြစ်ပါတယ်။ ဇာတ်ကားမှာပြန်လည်ပါဝင်မည့်သူတွေကတော့ Mark Hamill, ကွယ်လွန်သွားပြီဖြစ်တဲ့ CarrieFisher, Adam Driver, Daisy Ridley, John Boyega, Lupita Nyong’o, OscarIsaac, Domhnall Gleeson, Anthony Daniels, Gwendoline Christie နှင့်Andy Serkis တို့ဖြစ်ပါတယ်။ အသစ်ပါဝင်လာမယ့်သူတွေကတော့ အကယ်ဒမီဆုရှင်Benicio Del Toro, အကယ်ဒမီ ဆန်ကာတင်စာရင်းဝင် Laura Dern နှင့်
သရုပ်ဆောင်သစ် Kelly Marie Tran တို့ဖြစ်ပါတယ်။

ဒီဇာတ်ကားကို Kathleen Kennedy နှင့် Ram Bergman တို့ကထုတ်လုပ်မှာဖြစ်ပြီး J.J. Abrams, Jason McGatlin နှင့် Tom Karnowski ကအလုပ်မှုဆောင်အဖြစ် ထုတ်လုပ်မှာဖြစ်ပါတယ်။ The Last Jedi ဇာတ်ကားကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။

  RII

 #Celebrity.thithtoolwin.com

   Ref: Comingsoon