Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Wonder Woman Movie ပရိုမိုးရှင်းဗီဒီယိုမှာ Super Girl, Lynda Carter တို့ပါဝင်ခဲ့

Wonder Woman Movie ပရိုမိုးရှင်းဗီဒီယိုမှာ Super Girl, Lynda Carter တို့ပါဝင်ခဲ့

| No comment


Wonder Woman ဇာတ်ကားရဲ့ ပရိုမိုးရှင်းဗီဒီိယိုမှာ Supergirl ရဲ့ Melissa Benoist, Chyler Leigh, Terri Hatcher နဲ့ Lynda Carter တို့ ပါဝင်ခဲ့ပါတယ်။ Wonder Woman ဇာတ်ကားရဲ့ ပရိုမိုးရှင်းမှာ အဓိကအနေနဲ့ Supergirl ၊ အစ်မဖြစ်သူ Alex (Leigh)၊ နဲ့ Carter (သူဟာ ၁၉၇၀ ခုနှစ်တုန်းက ထုတ်လွှင့်ခဲ့တဲ့Wonder Woman စီးရီးမှာ Wonder Woman အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်) ၊ Rhea တို့က သူတို့ရဲ့ ဖိနပ်တွေကို အဓိက ပြသသွားခဲ့ပါတယ်။ အဲ့ဒီနောက် Supergirl က Wonder Woman ရဲ့ ဖိနပ်တွေကို စီးထားတာကို ပြသထားခဲ့တာပါ။

Wonder Woman အကြောင်းကိုပြောရမယ်ဆိုရင်တော့ နာမည်ဟာ Diana ဖြစ်ပြီး အမေဇုန်လို့ခေါ်တဲ့ ကျွန်းနိုင်ငံရဲ့ မင်းသမီးဖြစ်ပါတယ်။ သူဟာ သူရဲကောင်းတစ်ယောက်အနေနဲ့ လေ့ကျင့်ထားတာဖြစ်ပြီးတော့ အမေရိကန်လေယာဉ်မှူးတစ်ယောက်က ကျွန်းပေါ်ပျက်ကျလာတာကို လိုက်ပို့ရင် အပြင်ကမ္ဘာကို ထွက်ခွင့်ရခဲ့ပါတယ်။

ဒီဇာတ်ကားမှာ Wonder Woman အဖြစ် Gal Gadot၊ Chris Pine, Robin Wright, Danny Huston, Ewan Bremner, Said Taghmaoui တို့ပါဝင်မှာ ဖြစ်ပါတယ်။

ဒါရိုက်တာကတော့ Patty Jenkins ဖြစ်ပြီး Charles Roven, Zack Snyder, Deborah Snyder တို့က ထုတ်လုပ်ထားတာပါ။ Wonder Woman ကို လာမယ့် ဇွန်လ ၂ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။




Bruce

#Celebrity.thithtoolwin.com

 Ref; Coming Soon