Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အမြွှာလေးတွေကို လောကကြီးထဲ ကြိုဆိုလိုက်တဲ့ Beyoncé နှင့် Jay-Z

အမြွှာလေးတွေကို လောကကြီးထဲ ကြိုဆိုလိုက်တဲ့ Beyoncé နှင့် Jay-Z

| No comment



Beyoncé နှင့် Jay-Z တို့က အမြွှာလေးတွေကို လောကကြီးထဲ ကြိုဆိုလိုက်ပြီဖြစ်ကြောင်း People မဂ္ဂဇင်းက အတည်ပြုခဲ့ပါတယ်။

ကလေးလေးတွေက Blue Ivy အတွက် မောင်လေးတွေဖြစ်မလား ညီမလေးတွေဖြစ်မလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပေမယ့် "Bey နဲ့ Jay က စိတ်လှုပ်ရှားနေပြီး ဒီသတင်းကို မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို မျှဝေနေပြီ” လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
ထုံးစံအတိုင်း Beyhive တွေကလည်း အရူးအမူးဖြစ်နေပါပြီ။

'Formation' အဆိုတော်ရဲ့ ညီမ Solange က LA ဆေးရုံကို ရောက်လာတဲ့အတွက် ကလေးမွေးပြီဆိုတဲ့ မှန်းဆချက်တွေ ထွက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဆေးရုံကိုပဲ အပြာရောင်နှင့် ပန်းရောင် မိုးပျံပူဖောင်းတွေ ရောက်လာတာတွေ့ရတဲ့အတွက် စုံထောက်ကျော်ကြီးတွေက Blue Ivy အတွက် မောင်လေးတစ်ယောက်နှင့် ညီမလေးတစ်ယောက်ရပြီလို့ ခန့်မှန်းကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ Queen B က အမြွှာလေးတွကို စောင့်မျှော်နေတဲ့အကြောင်းကို “ကျွန်မတို့ မိသားစုက ၂ဆတိုးလာတော့မှာဖြစ်တဲ့အတွက် အရမ်းဝမ်းသာပြီး ဆုတောင်းပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ Instagram မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

     RII

   #celebrity.thithtoolwin.com

   Source: MTV