Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Charlie Puth နှင့် တွဲဖက်သီဆိုထားတဲ့ သီချင်းသစ် ထွက်လာဖို့ စိတ်အားထက်သန်နေတဲ့ Liam Payne

Charlie Puth နှင့် တွဲဖက်သီဆိုထားတဲ့ သီချင်းသစ် ထွက်လာဖို့ စိတ်အားထက်သန်နေတဲ့ Liam Payne

| No comment


Liam Payne က တစ်ကိုယ်တော်ပွဲဦးထွက် စစခြင်းမှာပဲ အရှုပ်တွေလုပ်မနေဘဲ ပါဝါကြီးမာတဲ့ အဆိုတော်တွေနှင့် တွဲဖက်သီဆိုလိုက်ပြီး နောက်ထွက်မည့် သီချင်းအကြောင်းကို စောစောပဲ ဖွင့်ထုတ်လိုက်ပါပြီ။

Liam Payne က Quavo နှင့် တွဲဖက်သီဆိုထားတဲ့ တစ်ကိုယ်တော်ပွဲဦးထွက်သီချင်း "Strip That Down" ကို ဖြန့်ချိခဲ့တာ ရက်သတ္တပတ်အနည်းငယ်ပဲရှိပါသေးတယ်။ အခုတော့ Charlie Puth နှင့် တွဲဖက်သီဆိုထားတဲ့ သီချင်းသစ်က အချိန်မရွေးထွက်လာနိုင်ကြောင်း ပရိသတ်တွေကို ကတိပေးနေပြန်ပါပြီ။

Payne နှင့် Puth နှစ်ယောက်လုံးက ဇွန်လ ၁၀ ရက် နေလည်ပိုင်း Wembley Stadium မှာ ကျင်းပတဲ့ Capital FM's Summertime Ball မှာ ပါဝင်ဖျော်ဖြေမှာဖြစ်တဲ့အတွက် ဒီသီချင်းကို တိုက်ရိုက်ဖျော်ဖြေမှုနှင့် ပွဲထုတ်ဖို့ဖြစ်နိုင်ခြေရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Payne ကတော့ အလွန်စိတ်အားထက်သန်နေပြီး လိုအပ်တာထက် ပိုသုံးထားတဲ့ emojis တွေနှင့် သီချင်းသစ်ထွက်လာလုနီးပါဖြစ်နေကြောင်း Twitter က သူ့ရဲ့ followers တွေကို သတိပေးခဲ့ပါတယ်။ ကြည့်ရတာတော့ ဒီသီချင်းက Puth က စတူဒီယိုထဲမှာ သူတို့နှစ်ယောက်လုပ်ရှားနေတဲ့အကြောင်းကို ရေးသားခဲ့တဲ့ ဇန်နဝါရီလတုန်းက အသံသွင်းထားတာ ဖြစ်ပုံရပါတယ်။

Payne, Niall Horan, နှင့် Harry Styles တို့က တစ်ကိုယ်တော်လှုပ်ရှားမှုကိုယ်စီနှင့် အပြိုင်အဆိုင်ဖြစ်နေတဲ့အတွက် One Direction အဖွဲ့ဝင်တွေအတွက်တော့ ဒီနှစ်နွေရာသီက သီချင်းတွေ လှိုင်လှိုင်ထွက်တဲ့ ရာသီဖြစ်လာတော့မှာပါ။ Payne ကတော့ ရှေ့ပြေးနေတဲ့အတွက် Charlie Puth နှင့် တွဲဖက်သီဆိုထားတဲ့ သီချင်းကို အကြာကြီး လျှိုမထားလောက်တော့ဘူးလို့ မျှော်လင့်ရပါတယ်။

  RII

  #celebrity.thithtoolwin.com

   Source: MTV