CNBLUE အဖွဲ့ဝင် Yonghwa က ဒုတိယမြောက် စတူဒီယို အယ်လ်ဘမ်နှင့်အတူ တစ်ကိုယ်တော်လှုပ်ရှားမှုတွေကို နောက်လထဲမှာ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ ပထမဆုံး စတူဒီယို အယ်လ်ဘမ် 'One Fine Day' က ၂၀၁၅ ခုနှစ် ဇန်နဝါရီလက ထွက်ခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် ၂ နှစ်နှင့် ၆ လပြည့်တော့မှာပါ။
“CNBLUE အဖွဲ့ဝင် Yonghwa က တစ်ကိုယ်တော် အယ်လ်ဘမ်သစ်ကို ဇူလိုင်လထဲမှာ ထွက်ဖို့ ရည်ရွယ်ပြီး ပြင်ဆင်နေပါတယ်။ လက်ရှိမှာတော့ အရင်ထွက်ခဲ့တဲ့ အယ်လ်ဘမ်ထက် ပိုကောင်းအောင် ကြိုးစားအားထုတ်လျက်ရှိပါတယ်” လို့ FNC Entertainment က ဇွန်လ ၁၉ ရက်မှာ ကြေညာခဲ့ပါတယ်။
Yonghwa က ဒီအယ်လ်ဘမ်အတွက် နိုင်ငံတကာက တေးရေးစာဆိုတွေနှင့် ပူးပေါင်းသွားမှာဖြစ်ပြီး သူရဲ့ သီချင်းရေးသားမှု စွမ်းရည်တွေကိုလည်း ပြသသွားမှာဖြစ်တဲ့အတွက် မျှော်လင့်ချက်တွေက မြင့်မားနေပါတယ်။ အဖွဲ့လိုက် သီချင်းတွေနှင့် နှိုင်းယှဉ်ရင် တစ်ကိုယ်တော် အယ်လ်ဘမ်က ကွဲပြားခြားနားတဲ့ သံစဉ်မျိုးပါဝင်မယ်လို့ သိရပါတယ်။
နွေရာသီအတွက် အချိန်မီပြောင်းလဲမှုအသစ်ဖြစ်တဲ့ သီချင်းအမျိုးအစားသစ်ကိုလည်း ပရိသတ်တွေက စောင့်စားရမှာ။
RII
#celebrity.thithtoolwin.com
Source: Allkpop