Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ချဲ့ထွင်လာတဲ့ Conjuring Universe ထဲက Annabelle: Creation ဇာတ်ကားနမူနာသစ်နှင့် ပိုစတာ ထွက်ရှိလာ

ချဲ့ထွင်လာတဲ့ Conjuring Universe ထဲက Annabelle: Creation ဇာတ်ကားနမူနာသစ်နှင့် ပိုစတာ ထွက်ရှိလာ

| No comment


Annabelle: Creation ဇာတ်ကားကို ပိတ်ကားထက်မှာ ပြသဖို့ ၂လသာလိုတော့တာနှင့်အညီ ပွဲဦးထွက်ပြသပြီးတဲ့နောက်မှာ New Line Cinema နှင့် Warner Bros. Pictures က စတိုင်ကျနတဲ့ ပိုစတာနှင့် ဒုတိယမြောက် ဇာတ်ကားနမူနာကို ဖြန့်ချိလိုက်ပါတယ်။

လက်ရှိမှာတော့ Conjuring Universe ထဲမှာ James Wan ရိုက်ကူးတဲ့ Conjuring ဇာတ်ကားတွေ၊ ပထမဆုံး Annabelle spinoff ဇာတ်ကား၊ ယခုထွက်ရှိမည့် နောက်ဆက်တွဲဇာတ်ကားနှင့် နောက်ပိုင်းမှာ ထွက်ရှိလာမည့် The Nun ဇာတ်ကားတို့ပါဝင်ပါတယ်။ The Conjuring 2 ထဲက Crooked Man ကို အခြေခံပြီး နောက်ထပ်ဇာတ်ကားရိုက်ဖို့လည်း စီစဉ်နေကြောင်း မကြာသေးခင်က ကြေညာခဲ့ပါတယ်။

Annabelle: Creation ဇာတ်လမ်းကတော့ အရုပ်လုပ်သူနှင့် သူ့ဇနီးတို့က သမီးဖြစ်သူ သေဆုံးပြီး နှစ်ပေါင်းများစွာအကြာမှာ ဖျက်သိမ်းလိုက်တဲ့ မိဘမဲ့ဂေဟာက သီလရှင်တစ်ပါးနှင့် ကောင်မလေးတွေကို အိမ်ပေါ်ခေါ်တင်လာခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူတို့တွေက အရုပ်လုပ်သမား ဖန်တီးထားတဲ့ သရဲစီးနေတဲ့ Annabelle အရုပ်ရဲ့ ပစ်မှတ်ဖြစ်လာပါတော့တယ်။

ပထမဇာတ်ကားကို ဇာတ်ညွှန်းရေးသားတဲ့ Gary Dauberman ကပဲ ရေးသားထားပြီး David F. Sandberg’s (Lights Out) က ရိုက်ကူးမှာဖြစ်ပါတယ်။ Annabelle: Creation  မှာပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Stephanie Sigman (SPECTRE), Talitha Bateman (The 5th Wave), Lulu Wilson (Ouija: Origin of Evil, Deliver Us from Evil), Philippa Coulthard (After the Dark), Grace Fulton (Badland), Lou Lou Safran (The Choice), Samara Lee (Foxcatcher, The Last Witch Hunter), Tayler Buck ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး Anthony LaPaglia (Without a Trace) နှင့် Miranda Otto (Homeland, The Lord of the Rings Trilogy) တို့ဖြစ်ပါတယ်။

Annabelle 2 မှာ Toby Emmerich, Richard Brener, Walter Hamada, Dave Neustadter နှင့် Hans Ritter တို့က executive producers အဖြစ်ဆောင်ရွက်ထားပါတယ်။

Annabelle: Creation ကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၁ ရက်မှာ ရုံတင်ပြသမှာဖြစ်ပြီး The Nun ကိုတော့ The Hallow ဒါရိုက်တာ Corin Hardy က ရိုက်ကူးပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။



      RII

      #celebrity.thithtoolwin.com

      Source: Cominsoon