'Criminal Minds' ဇာတ်ကားကို ကိုရီးယားဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းထဲမှာ အထူးတပ်ဖွဲ့အေးဂျင့်အဖြစ် သရုပ်ဆောင်ရတဲ့အကြောင်း Lee Jun Ki ပြောကြားမင်းသား Lee Jun Ki က ဇူလိုင်လထုတ် 'Marie Claire' ဖက်ရှင်မဂ္ဂဇင်းထဲမှာ ဓာတ်ပုံရိုက်ကူးပေးထားပြီး tvN ရဲ့ ရာဇဝတ်မှုဇာတ်လမ်းတွဲ 'Criminal Minds' ထဲက သူ့ရဲ့ ဇာတ်ကောင်အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
ဒီနှစ်နွေရာသီမှာ တီဗီဖန်သားပြင်ပေါ်ကတစ်ဆင့် ပရိသတ်တွေနှင့် ဆုံတွေ့မည့် Lee Jun Ki ကို ဂျုံပင်တွေနှင့်ပြည့်နက်နေတဲ့ ကွင်းပြင်ကြီးထဲမှာ ညှိမှောင်နေတဲ့ တိမ်တိုက်တွေကို နောက်ခံထားပြီး ခန္ဓာကိုယ်ကို လေယူရာယိမ်းနွဲ့နေတဲ့ ပုံစံနှင့်တွေ့ခဲ့ရပါတယ်။ အဖြူ အမည်းနှင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာလည်း ယောက်ျားပီသတဲ့ ဆွဲဆောင်မှုကို တွေ့ရပါတယ်။
မင်းသားက သူသရုပ်ဆောင်ရတဲ့ NCI အေးဂျင့် Hyun Joon ဇာတ်ကောင်အကြောင်းကို “အရင်ဇာတ်ကားတွေမှာ ကျွန်တော်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေနဲ့ နှိုင်းယှဉ်ရင် Hyun Joon ဇာတ်ကောင်က ရှင်သန်နေတဲ့ လူသားတစ်ယောက်အဖြစ် ကျွန်တော် လွတ်လွတ်လပ်လပ် ပုံဖော်လိုရတဲ့ သူတစ်ယောက်ပါ။ ဒီဇာတ်လမ်းတွဲရိုက်ကူးရင်းနဲ့ ကျွန်တော်အရမ်းပျော်နေပါတယ်။ တက်တက်ကြွကြွရှိတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ပြီးတော့ အခါတိုင်းလိုပဲ လူတွေကို အံ့အားသင့်သွားအောင် လုပ်ပြချင်ပါတယ်” လို့ ပြောပြသွားပါတယ်။
'Criminal Minds' ကိုရီးယားဇာတ်လမ်းတွဲကို နောက်လထဲမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
Mocha
#celebrity.thithtoolwin.com
Source: Allkpop