Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , David Guetta နှင့် Justin Bieber တွဲဖက်သီဆိုထားတဲ့ သီချင်းအသစ်ထွက်ရှိမည်

David Guetta နှင့် Justin Bieber တွဲဖက်သီဆိုထားတဲ့ သီချင်းအသစ်ထွက်ရှိမည်

| No comment


Justin Bieber က သူ့ရဲ့ တွဲဖက်သီဆိုမှု ရေစီးကြောင်းကို ပူနွေးနေအောင် နောက်ထပ် နာမည်ကျော်တွေနှင့် လက်တွဲလိုက်ပြန်ပါပြီ။ "Despacito" နှင့် "I'm The One" သီချင်းတွေနှင့်အတူ chart ကို စိုးမိုးထားပြီးတဲ့အခါမှာတော့ ပေါ့ပ်အဆိုတော်က David Guetta နှင့်တွဲဖက်သီဆိုထားတဲ့ "2U" လို့အမည်ပေးထားတဲ့ သီချင်းအသစ်စက်စက်ကို ဖြန့်ချိဖို့ ပြင်ဆင်နေပါပြီ။

အသက် ၂၃ နှစ်အရွယ်အဆိုတော်က ကလပ်တွေမှာ သဲလွန်စပေးနေခဲ့တဲ့ ဒီသီချင်းရဲ့ တွဲဖက်သီဆိုမှုကို ဇွန်လ ၆ ရက်နေ့ နံနက်က Twitter မှာ ကြေညာခဲ့ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတာကတော့ Guetta က တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ Ariana Grande ရဲ့ One Love Manchester benefit show ကို စီစဉ်ပေးခဲ့ပြီး Bieber နှင့် လက်တွဲခဲ့တာကြာပြီဖြစ်တဲ့ မန်နေဂျာ Scooter Braun နှင့် စာချုပ်ချုပ်ဆိုပြီး လပိုင်းအကြာမှာပဲ "2U" နှင့် ပတ်သက်တဲ့ သီတင်းတွေထွက်လာတာဖြစ်ပါတယ်။

Guetta နှင့် Bieber က ဒီတစ်ပတ် ပိတ်ရက်မှာ ကျင်းပမည့် Stockholm SummerBurst Fest မှာ အတူဖျော်ဖြေမယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ရှိနေပါတယ်။ နွေရာသီစတင်ဖို့ကလည်း နီးကပ်လာပြီဆိုတော့ သူတို့နှစ်ယောက်ရဲ့ "2U" က နွေရာသီကို သိမ်းပိုက်သွားမလားဆိုတာ သိချင်စရာပါပဲ။


  RII

  #celebrity.thithtoolwin.com

  Source: iHeart