Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ရိုက်ကူးရေးစတင်ပြီဖြစ်တဲ့ Deadpool 2

ရိုက်ကူးရေးစတင်ပြီဖြစ်တဲ့ Deadpool 2

| No comment


ဇာတ်လမ်းတွဲရဲ့ မင်းသားနှင့် ထုတ်လုပ်သူ Ryan Reynolds က Deadpool 2 ရိုက်ကူးရေး စတင်ပြီဖြစ်ကြောင်း Twitter မှာ အတည်ပြုခဲ့ပါတယ်။ Reynolds က ဝတ်စုံဝတ်ဆင်ထားပြီး ပထမဆုံးဇာတ်ကားကစပြီး ဇာတ်လမ်းတွဲတစ်လျှောက် X-Mansion အဖြစ် ပြင်ပက ရိုက်ပြတတ်တဲ့ Vancouver မြို့က Hatley Castle ရှေ့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။ ဇာတ်ညွှန်းရေးသားသူ Rhett Reese ကလည်း “စပြီဟေ့” လို့ ရေးသားပြီး အတည်ပြုခဲ့ပါတယ်။

Deadpool 2 ကို “real heroes here,” ဇာတ်ညွှန်းရေးသားသူ Rhett Reese နှင့် Paul Wernick က ရေးသားပေးထားပြီး John Wick ဒါရိုက်တာ David Leitch က ရိုက်ကူးမှာဖြစ်ပါတယ်။ X-Men ဇာတ်လမ်းတွဲကို တာဝန်ယူထားတဲ့ Simon Kinberg နှင့် Lauren Shuler Donner တို့နှင့်အတူ Reynolds က Deadpool 2 အတွက် ထုတ်လုပ်သူအဖြစ်ဆောင်ရွက်မှာပါ။

ဇာတ်ကောင်သစ်တွေဖြစ်တဲ့ ကံတရားကို ပြောင်းလဲပေးနိုင်တဲ့ သန္ဓေပြောင်းသူ Domino အဖြစ် Zazie Beetz (Atlanta) နှင့် X-Men ထဲက Cyclops ရဲ့သားဖြစ်ပြီး အချိန်ခရီးသွားနိုင်တဲ့ Cable အဖြစ် Josh Brolin တို့ကို Ryan Reynolds က ဦးဆောင်မှာဖြစ်ပါတယ်။ Jack Kesy (The Strain, Baywatch) က အဓိကဗီလိန်အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး အိုင်းရစ်လူမျိုး သန္ဓေပြောင်းသူ Black Tom Cassidy ဖြစ်မယ်လို့ ကောလဟာလတွေ ထွက်နေပေမယ့် အတည်မပြုရသေးပါဘူး။ ဂျပန်မင်းသမီး Shioli Kutsuna ကလည်း ဒီဇာတ်ကားထဲမှာ လျှို့ဝှက်ထားတဲ့ ဇာတ်ကောင်နေရာက ပါဝင်မှာဖြစ်ပါတယ်။

ပထမ Deadpool ဇာတ်ကားထဲက ပြန်လည်ပါဝင်လာတဲ့ သရုပ်ဆောင်တွေကတော့ Blind Al အဖြစ် Leslie Uggams, Vanessa အဖြစ် Morena Baccarin, Negasonic Teenage Warhead အဖြစ် Brianna Hildebrand နှင့် Colossus အဖြစ် Stefan Kapicic က အသံသရုပ်ဆောင်ထားပါတယ်။
Deadpool 2 ကို ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

    RII

   #celebrity.thithtoolwin.com

    Source: Comingsoon