Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Death Note ဇာတ်ကား နမူနာသစ်ထွက်ရှိလာ

Death Note ဇာတ်ကား နမူနာသစ်ထွက်ရှိလာ

| No comment

Death Note ဇာတ်ကားအတွက် နမူနာအပြည့်အစုံကို Netflix က ပြသလိုက်ပါပြီ။
Death Note ဇာတ်ကားမှာ Nat Wolff (Paper Towns, The Fault in Our Stars) က Light Turner အဖြစ်၊ Margaret Qualley (The Nice Guys, The Leftovers) က Mia Sutton အဖြစ်၊ Keith Stanfield (Straight Outta Compton, Dope, Short Term 12) က “L” အဖြစ်၊ Paul Nakauchi (Alpha and Omega) က Watari အဖြစ်၊ Shea Whigham (Agent Carter, Boardwalk Empire) က James Turner အဖြစ်၊ Willem Dafoe (The Boondock Saints, Spider-Man) က the voice of Ryuk the Shinigami အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။

Tsugumi Ohba နှင့် Takeshi Obata တို့ရေးသားထားတဲ့ နာမည်ကျော် ဂျပန်ကာတွန်းစာအုပ်ကို အခြေခံထားတဲ့ Death Note ဇာတ်ကားက လူသတ်နိုင်တဲ့ သဘာဝလွန်စွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့ စာအုပ်ကို မတော်မတဆတွေ့မိတဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်အကြောင်းဖြစ်ပါတယ်။ စာအုပ်ပိုင်ရှင် လုပ်ရမှာကတော့ တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို မြင်ယောင်ရင်း နာမည်ကို စာအုပ်ထဲမှာ ချရေးလိုက်ရုံပါပဲ။ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားအပေါ်မှာ ရစ်မူးလာတဲ့ ကောင်လေးက အသက်ရှင်ဖို့ မထိုက်တန်ဘူးလို့ သူကိုယ်တိုင် သတ်မှတ်ထားတဲ့ လူတွေရဲ့နာမည်ကို ချရေးပါတော့တယ်။

Death Note ဇာတ်ကားကို Roy Lee (The Ring, The Departed), Dan Lin (The Lego Movie, Sherlock Holmes), Jason Hoffs (Edge of Tomorrow) နှင့် Masi Oka (Heroes Reborn, Hawaii-Five-0) တို့က ထုတ်လုပ်ထားပါတယ်။ Miri Yoon (Behaving Badly), Jonathan Eirich (Hammerspace), John Powers Middleton (Neighbors 2: Sorority Rising, The LEGO Movie) နှင့် Brendan Ferguson (Big Eyes, Reasonable Doubt) တို့က အမှုဆောင် ထုတ်လုပ်သူများဖြစ်ပါတယ်။
ဒါရိုက်တာ Adam Wingard (You’re Next, The Guest) ရိုက်ကူးထားတဲ့ Death Note ဇာတ်ကားကို ဩဂုတ်လ ၂၅ ရက်တွင် Netflix မှာ ပြသမှာဖြစ်ပါတယ်။


       RII

      #celebrity.thithtoolwin.com

      Source: Comingsoon