Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Frozen လောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ Olaf's Frozen Adventure ဇာတ်လမ်းနမူနာ ထွက်ရှိလာ

Frozen လောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ Olaf's Frozen Adventure ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment


Walt Disney Animation Studio က နိုဝင်ဘာလမှာ US မှာရုံတင်ပြသမည့် Disney/Pixar ရဲ့ Coco ဇာတ်ကားရှေ့မှာ ပြသမည့် Olaf's Frozen Adventure ဇာတ်လမ်းနမူနာကို ဖြန့်ချိလိုက်ပါတယ်။

"Disney Animation ရဲ့  ဇာတ်လမ်းတို Olaf's Frozen Adventure ကို Pixar ရဲ့ Coco ဇာတ်ကားနဲ့အတူ  နိုဝင်ဘာလမှာ ရုံတင်ပြသမယ်ဆိုတော့ စိတ်လှုပ်ရှားမိပါတယ်။ ပြီးပြည့်စုံတဲ့ အတွဲအစပ်ပါပဲ။ ဇာတ်လမ်း ၂ခုစလုံးက မိသားစုတွေနှင့် ရိုးရာကို ဘယ်လို ထိန်းသိမ်းရတယ်ဆိုတာကို ပြသထားတဲ့ လှပပြီး ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတွေပဲလေ။ ပိတ်ကားပေါ်မှာ ဒီဇာတ်ကား ၂ ခုကို အတူတကွ ပရိသတ်တွေကို ပြသချင်လှပါပြီ" လို့ Walt Disney and Pixar Animation Studios ရဲ့ chief creative officer ဖြစ်သူ John Lasseter က ပြောပြခဲ့ပါတယ်။

မူရင်းသီချင်းသစ် ၄ ပုဒ်ပါဝင်ပြီး ပြသချိန် ၂၁ မိနစ်ကြာမြင့်မည့် ဒီဇာတ်လမ်းတိုလေးက Anna (Kristen Bell), Elsa (Idina Menzel) နှင့် Kristoff (Jonathan Geoff) တို့အတွက် အားလပ်ရက်ပွဲတော်ကို ဆင်နွှဲတဲ့ အကောင်းဆုံး ရိုးရာကို ရှာဖွေပေးဖို့ တာဝန်ယူထားတဲ့ Olaf (Josh Gad) အပါအဝင် မူလဇာတ်ကောင်တွေနှင့် သရုပ်ဆောင်ကို ရုပ်ရှင်ပိတ်ကားပေါ် ကြိုဆိုထားပါတယ်။

 Emmy ဆုရှင် Kevin Deters နှင့် Stevie Wermers-Skelton (Prep & Landing) တို့က ရိုက်ကူးထားပြီး Oscar ဆုရှင် Roy Conli (Big Hero 6) က ထုတ်လုပ်ထားပြီး Elyssa Samel နှင့် Kate Anderson ("Between the Lines") တို့ရဲ့ မူရင်းသီချင်းတွေပါဝင်တဲ့ Olaf's Frozen Adventure ကို နိုဝင်ဘာလ ၂၂ ရက်မှစတင်ပြီး အချိန်အကန်အသတ်နှင့် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

"Stevie နှင့် ကျွန်တော့်ကို ကျွန်တော်တို့ ချစ်တဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းသစ်ဖန်တီးဖို့ John Lasseter က ယုံကြည်ပြီး အပ်နှ့တဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ အားလပ်ရက်အတွင်းမှာ ကျွန်တော်တို့ရဲ့ ဇာတ်ကားကို Coco နှင့်အတူ ပိတ်ကားထက်မှာ ပြသဖို့ စိတ်လှုပ်ရှားမိပါတယ်" လို့ Deters က ပြောပါတယ်။

"ကိုယ့်ဇာတ်ကောင်တွေကို အတွင်း အပြင် နှံ့နှံ့စပ်စပ်သိနေတဲ့ အရမ်းတော်တဲ့ သရုပ်ဆောင်တွေနဲ့ အသံအသွင်းရတာကိုလည်း သဘောကျပါတယ်။ ပရိသတ်တွေကို ဒီဇာတ်လမ်းတို၊ သရုပ်ဆောင်မှုတွေ၊ Elyssa နဲ့ Kate တို့ရေးသားထားတဲ့ သီချင်းသစ်တွေကို ပြချင်လှပါပြီ" လို့ Wermers-Skelton က ပြောပြခဲ့ပါတယ်။

အသစ်ထွက်လာတော့မည့် ဒီဇာတ်လမ်းတိုလေးက ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ထွက်မည့် Frozen ဇာတ်လမ်းနောက်ဆက်တွဲကို ဦးတည်သွားမယ်လို့ ယူဆရပါတယ်။ Walt Disney Animation Studio ရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းရဲ့နောက်ဆက်တွဲ အမည်မပေးရသေးတဲ့ ဇာတ်ကားမှာ ဒါရိုက်တာ Jennifer Lee, Chris Buck နှင့် Peter Del Velho တို့နှင့် Grammy နှင့် Oscar ဆုရှင် တေးရေး Kristen Anderson-Lopez နှင့် Robert Lopez တို့ကို ပြန်လည်စုစည်းထားပါတယ်။

    RII

   #celebrity.thithtoolwin.com

    Source: Comingsoon