HBO က ဇာတ်လမ်းတွဲရဲ့ ၇ ခုမြောက် season က ဇာတ်ဝင်ခန်းသစ်တွေအများကြီးပါတဲ့ Game of Thrones ဇာတ်လမ်းနမူနာသစ်ကို ထုတ်ပေးလိုက်ပါပြီ။
ပြီးခဲ့တဲ့ season ရဲ့ အဆုံးမှာ နောက်ဆုံးတော့ Daenerys (Emilia Clarke) ရဲ့ နဂါးတွေနှင့် ပမာဏများပြားတဲ့ စစ်တပ်ကြီးက သားသမီးတွေ သေဆုံးသွားပြီး ဘုရင်မဖြစ်လာတဲ့ Cersei (Lena Headey) အုပ်စိုးတဲ့ Westeros ကို ချီတက်လာပါပြီ။ The Night King (season 6 တွင် Vladimir Furdik သရုပ်ဆောင်သည်) ရဲ့ စစ်တပ်ကလည်း တောင်ဘက်ကို ချီတက်လာနေပြီး တိုက်ပွဲဖြစ်တော့မှာပါ။
ဒီဇာတ်လမ်းတွဲက George R.R. Martin ရဲ့ “A Song of Ice and Fire” ဝတ္ထုဇာတ်လမ်းတွဲကို အခြေခံရိုက်ကူးထားတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ season မှာတော့ တီဗီဇာတ်လမ်းက စာအုပ်ကို ကျော်တက်သွားပါပြီ။
Game of Thrones season သစ်မှာ ဇာတ်လမ်းတွဲရဲ့ ပြသချိန် အကြာမြင့်ဆုံးနှင့် အတိုဆုံး အပိုင်းတွေ ပါဝင်မယ်လို့လည်း မကြာသေးခင်က ဖော်ပြခဲ့ပါတယ်။
အပိုင်း ၇ ပိုင်းပါဝင်တဲ့ season ၂ ခုမှာ စီစဉ်ထားပြီးသားဖြစ်တဲ့ မိနစ် ၉၀ ကြာမည့် နောက်ဆုံးအပိုင်းအပြင် မိနစ် ၆၀ ကျော်ကြာတဲ့ အပိုင်းတွေလည်း ပါဝင်ကြောင်းသိရပါတယ်။ ပိုပြီးတိုတဲ့ မိနစ် ၅၀ ကြာအပိုင်းကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
Game of Thrones (season 7) အတွက် executive producer တွေကတော့ David Benioff, D.B. Weiss, Carolyn Strauss, Frank Doelger နှင့် Bernadette Caulfield; co-executive producer တွေကတော့ Guymon Casady, Vince Gerardis, George R.R. Martin နှင့် Bryan Cogman တို့နှင့် producer တွေကတော့ Chris Newman, Greg Spence နှင့် Lisa McAtackney တို့ပဲဖြစ်ပါတယ်။
RII
#celebrity.thithtoolwin.com
Source: