Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဆေးပညာဆိုင်ရာ ဇာတ်လမ်းတွဲအသစ်မှာ Ha Ji Won နှင့် အတူသရုပ်ဆောင်မည့် CNBLUE အဖွဲ့ဝင် Kang Min Hyuk

ဆေးပညာဆိုင်ရာ ဇာတ်လမ်းတွဲအသစ်မှာ Ha Ji Won နှင့် အတူသရုပ်ဆောင်မည့် CNBLUE အဖွဲ့ဝင် Kang Min Hyuk

| No comment

MBC ရုပ်သံက ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့မှာ ထုတ်လွှင့်မည့် “Hospital Ship” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ဖို့ အတည်ပြုထားတဲ့ Ha Ji Won နှင့် CNBLUE အဖွဲ့ဝင် Kang Min Hyuk က အတူသရုပ်ဆောင်မှာဖြစ်ပါတယ်။

Kang Min Hyuk ရဲ့ အေဂျင်စီ FNC Entertainment က “Kang Min Hyuk က ဒီဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက်ချပြီးပါပြီ။ လက်ရှိမှာ အသေးစိတ်အချက်အလက်တွေကို ညှိနှိုင်းဆောင်ရွက်နေပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

“Hospital Ship” ဇာတ်လမ်းတွဲက ကျွန်းပေါ်က ရွာလေးတွေကို ဆေးဝါးဝန်ဆောင်မှုပေးတဲ့ သင်္ဘောအကြောင်းကို ရိုက်ကူးထားတဲ့ ဆေးပညာဆိုင်ရာ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ ဆရာဝန်လေးတွေကနေ ရင့်ကျက်လာတာကို ပြသတဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်မည့် ဇာတ်လမ်းဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။ “Secret Door” ဇာတ်ညွှန်းရေးဆရာ Yoon Sun Joo က ရေးသားထားပြီး “Start Again” ဒါရိုက်တာ PD Park Jae Bum က ရိုက်ကူးမှာဖြစ်ပါတယ်။

Kang Min Hyuk က နွေးထွေးတဲ့ လက်တစ်စုံ၊ မျက်ဝန်းတွေနှင့် အဓိကတော့ နွေးထွေးတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ သမားတော် Kwak Hyun အဖြစ်သရုပ်ဆောင်ထားပါတယ်။ သူက ထောက်ထားညှာတာတတ်ပေမယ့် ယုံလွယ်သူတော့မဟုတ်ဘဲ ကိုယ်ချင်းစာတတ်သူတစ်ယောက်ဖြစ်ပါတယ်။

“Hospital Ship” ဇာတ်လမ်းတွဲကို နဂိုက ဇူလိုင်လမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားခဲ့ပေမယ့် “Ruler – Master of the Mask” အပြီးမှာ ထုတ်လွှင့်မည့် “The Man Who Must Die To Live” ပြီးမှ ဩဂုတ်လထဲမှာ ထုတ်လွှင့်ဖို့ ပြောင်းလဲလိုက်ပါတယ်။

RII

#knowledge.thithtoolwin.com

 Source: Soompi