Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / 'Harper's Bazaar' မဂ္ဂဇင်းမှ ဖော်ပြလိုက်တဲ့ 'Battleship Island'ရုပ်ရှင်ထဲက သရုပ်ဆောင်ဓာတ်ပုံများ

'Harper's Bazaar' မဂ္ဂဇင်းမှ ဖော်ပြလိုက်တဲ့ 'Battleship Island'ရုပ်ရှင်ထဲက သရုပ်ဆောင်ဓာတ်ပုံများ

| No comment

'Harper's Bazaar' ဖက်ရှင်မဂ္ဂဇင်းက မျက်နှာဖုံးဓာတ်ပုံကိုပြသခဲ့ပြီးနောက်မှာ နောက်ထပ် 'Battleship Island' ရုပ်ရှင်ထဲကသရုပ်ဆောင်ဓာတ်ပုံများကို မျှဝေခဲ့ပါတယ်။သရုပ်ဆောင် Hwang Jung Min, So Ji Sub, Song Joong Ki နှင့် Lee JungHyun တို့က ပြောင်မြောက်တဲ့ ဂန္ထဝင်ဆန်ဆန် အဖြူနှင့်
အမည်ရောင်ဝတ်စုံတွေကို ဆင်မြန်းပြီး အတူတကွ ဓာတ်ပုံရိုက်ခံခဲ့ပါတယ်။


သရုပ်ဆောင်တွေရဲ့ တစ်ဦးချင်းစီရဲ့ ဓာတ်ပုံတွေမှာတော့သမိုင်းဝင်ဇာတ်ကားထဲမှာ သရုပ်ဖော်ထားတဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့အတွင်းစိတ်က ဘေးကျပ်နံကျပ်ဖြစ်မှုတွေကို အဖြူအမည်းရသက ထိရောက်စွာအမှတ်အသားပြုထားပါတယ်။Song Joong Ki က သိမ်မွေ့တဲ့ပုံစံ သရုပ်ဖော်ထားပြီး Lee Jung Hyun ကတော့ခေတ်ဆန်တဲ့ ဆွဲဆောင်မှုပုံစံကို သရုပ်ဖော်ထားပါတယ်။

 Hwang Jung Min ကသူသရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ရဲ့ ထင်ရှားတဲ့ လက္ခဏာကိုသရုပ်ဖော်သည့်အနေဖြင့် ပဟေဠိဆန်တဲ့ ခြေဟန်လက်ဟန်ကို လုပ်ပြထားပြီး So JiSub ကတော့ ယောက်ျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ကိုယ်နေဟန်ထားကိုပြသထားပါတယ်။သူတို့တွေရဲ့ လိုက်ဖက်ညီလှတဲ့ သရုပ်ဆောင်မှုကို အားလုံးစောင့်မျှော်နေတဲ့'Battleship Island' ရုပ်ရှင် နောက်လထဲမှာ ရုံတင်ပြသတဲ့အခါကျရင်ပရိသတ်ေ တွက ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

  RII

 #celebrity.thithtoolwin.com

 Source: Allkpop