Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , စစ်မှုမထမ်းခင်မှာ ဖြည့်ဆည်းချင်တဲ့ သူ့ဆန္ဒကို ပြောပြခဲ့တဲ့ Kim Soo Hyun

စစ်မှုမထမ်းခင်မှာ ဖြည့်ဆည်းချင်တဲ့ သူ့ဆန္ဒကို ပြောပြခဲ့တဲ့ Kim Soo Hyun

| No comment

စစ်မှုထမ်းဖို့ နီးကပ်လာစဉ်မှာ Kim Soo Hyun က သူ့အတွေးကို မျှဝေခဲ့ပါတယ်။Kim Soo Hyun က “Real” ရုပ်ရှင်ဇာတ်ကားအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ ၂၆ ရက်က တက်ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားကိုတော့ Kim Soo Hyun က ၄ နှစ်အတွင်းမှာ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် လူသိများကြပြီး စစ်မှုမထမ်းခင် နောက်ဆုံးဇာတ်ကားလည်းဖြစ်ပါတယ်။

Kim Soo Hyun က ““Real” အတွက် ကျွန်တော်သုံးထားတဲ့ အသုံးအနှုန်းကတော့ ‘Kim Soo Hyun ရဲ့ အသက် ၂၀ ကျော်အရွယ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားပါပဲ။’ ဒီဇာတ်ကားက မနှစ်က ရိုက်ထားတာဆိုတော့ ကျွန်တော့်ရဲ့ အသက် ၂၀ ကျော်အရွယ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားအဖြစ် မှတ်မိနေမယ်လို့ မျှော်လင့်ပါတယ်။” လို့ ဇာတ်ကားနှင့် ပတ်သက်တဲ့ သူ့ရဲ့စိတ်အားထက်သန်မှုကို ဖော်ပြခဲ့ပါတယ်။

စစ်မှုထမ်းဖို့နှင့် ပတ်သက်ပြီးတော့လည်း “စစ်မှုထမ်းဖို့ကတော့ အချိန်အတိအကျကို မဆုံးဖြတ်ရသေးပါဘူး။ အချိန်ရရင်တော့ မသွားခင်မှာ ဇာတ်လမ်းတွဲဖြစ်ဖြစ် ရုပ်ရှင်ဖြစ်ဖြစ် တစ်ခုခုရိုက်သွားနိုင်မယ်ဆိုရင် ကျွန်တော်ဒီ့ထက်ပိုလိုချင်တာ မရှိတော့ပါဘူး။ ဒါပေမယ့် အခြေအနေက ဘယ်လိုဖြစ်မယ်ဆိုတာ စောင့်ကြည့်ရမယ်ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

“Real” ရုပ်ရှင်ဇာတ်ကားမှာ Kim Soo Hyun, Sung Dong Il နှင့် Sulli တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ လူနှစ်ယောက်နှင့် အာရှရဲ့ အကြီးမားဆုံး လောင်းကစားရုံကို ဝန်ရံထားတဲ့ သူတို့ရဲ့ လျှို့ဝှက်ချက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇွန်လ ၂၈ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

   RII

  #celebrity.thithtoolwin.com

   Source: Soompi