Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Land of the Dead အကြောင်း အကျယ်ချဲ့ဖော်ပြထားတဲ့ Disney Pixar ၏ Coco ဇာတ်လမ်းနမူနာသစ်ထွက်ရှိလာ

Land of the Dead အကြောင်း အကျယ်ချဲ့ဖော်ပြထားတဲ့ Disney Pixar ၏ Coco ဇာတ်လမ်းနမူနာသစ်ထွက်ရှိလာ

| No comment


Coco က အရင်ရှိခဲ့တဲ့ ဇာတ်လမ်းတွေနှင့် မတူစေရဘူးလို့  ကတိပေးထားပါတယ်။Pixar ရဲ့ နောက်ဆုံးပေါ်ဖန်တီးမှုမှာ ဇာတ်လမ်းရဲ့ သီချင်း၊ Land of theDead သို့ ခရီးစဉ်နှင့် လက်တင်လူမျိုးများသာပါဝင်တဲ့အသံသရုပ်ဆောင်များကို ပြသထားပါတယ်။

Toy Story 3 ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lee Unkrich က ရိုက်ကူးထားတဲ့Coco ဇာတ်ကားမှာ Miguel (အသံသရုပ်ဆောင် Anthony Gonzalez) ဟာဂီတနှင့်ပတ်သက်တာတွေ မလုပ်ရဘူးလို့ သူ့မိသားစုက မျိုးရိုးစဉ်ဆက်တားမြစ်ထားတဲ့ကြားက အောင်မြင်တဲ့ ဂီတပညာရှင်ဖြစ်ရမယ်လို့စိတ်ကူးအိပ်မက်တွေရှိနေပါတယ်။ သူ့မှာပါရမီရှိတာကို သက်သေပြဖို့ကြိုးစားတဲ့ လမ်းကြောင်းက မိသားစုရာဇဝင် လျှို့ဝှက်ချက်တွေအားလုံးကိုသိရှိရမည့် Land of the Dead သို့ ဦးတည်သွားပါတယ်။

ထုံးတမ်းဓလေ့ယဉ်ကျေးမှုတစ်ခုလုံးကို ဖော်ပြတဲ့ ဇာတ်လမ်းကို ရိုက်ကူးရင်ဖိအားတွေများမယ်ဆိုတာကိုUnkrich က သိနေပါတယ်။ သူက “ဒီဇာတ်ကားကိုရိုက်ကူးဖို့ John Lasseter က ခွင့်ပြုလိုက်တဲ့နေ့က ချက်ချင်းပဲကျွန်တော့်ပုခုံးပေါ်ကို ဝန်ထုပ်ကြီးရောက်လာသလို ခံစားလိုက်ရတယ်။ဘာဖြစ်လို့လဲဆိုတော့ စတူဒီယိုမှာ ကျွန်တော်တို့ အမြဲတမ်းလုပ်နေကျနဲ့မတူတာတစ်ခုခုကို လုပ်ရတော့မယ်ဆိုတာရယ်၊ ဖန်တရာတေနေတဲ့ ပုံစံမျိုး၊သမာရိုးကျပုံစံမျိုး မဖြစ်စေဘဲ ဒီထုံးတမ်းဓလေ့ယဉ်ကျေးမှုကိုမှန်ကန်အောင်လုပ်ဖို့ ပထမဆုံးအကြိမ် တာဝန်ကြီးရှိလာပြီလေ” လို့ EWကိုပြောပြခဲ့ပါတယ်။

 Coco ဇာတ်ကားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။

    RII

   #celebrity.thithtoolwin.com

    Source: EW