Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Mary Poppins Returns ဇာတ်ကားထဲမှ ဓာတ်ပုံများ ထွက်ရှိလာ

Mary Poppins Returns ဇာတ်ကားထဲမှ ဓာတ်ပုံများ ထွက်ရှိလာ

| No comment






Walt Disney Picture က Mary Poppins Returns ဇာတ်ကားထဲမှ Emily Blunt နှင့် ကျန်သရုပ်ဆောင်များ၏ ဓာတ်ပုံများနှင့် concept art များကို ထုတ်ဝေပေးလိုက်ပါတယ်။


Mary Poppins Returns ဇာတ်ကားထဲမှာ Emmy၊ Grammy နှင့် Tony Award ဆုများရှင် Lin-Manuel Miranda (Hamilton, Moana), Ben Whishaw (SPECTRE), Emily Mortimer (Hugo) နှင့် Julie Walters (Harry Potter ဇာတ်လမ်းတွဲ) တို့နှင့်အတူ Colin Firth (The King’s Speech) နှင့် Meryl Streep (Florence Foster Jenkins) တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Dick Van Dyke ကခုချိန်မှာ William Weatherall Wilkins (Firth) က ဦးဆောင်နေတဲ့ Fidelity Fiduciary Bank ရဲ့ ဥက္ကဌ Mr. Dawes Jr.အဖြစ်နှင့် Angela Lansburyက PL Travers ရဲ့ မူရင်းစာအုပ်ထဲက Balloon Lady ဇာတ်ကောင်အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။

အော်စကာ စကာတင်စာရင်းဝင်၊ Emmy နှင့် DGA Award ဆုရှင် Rob Marshall (Into the Woods, Chicago) က ရိုက်ကူး ထုတ်လုပ်မှာဖြစ်ပါတယ်။ Mary Poppins Returns ဇာတ်ကားထဲမှာ Banks မျိုးနွယ် ကလေးအသစ် ၃ ယောက်လည်း ပါဝင်လာမှာဖြစ်ပြီး Pixie Davies (Miss Peregrine’s Home for Peculiar Children), Nathanael Saleh (Game of Thrones) နှင့် သရုပ်ဆောင်သစ် Joel Dawson တို့က သရုပ်ဆောင်မှာဖြစ်ပါတယ်။


ဇာတ်လမ်းကတော့ စာအုပ်တွေကို မူလရေးသားခဲ့တဲ့ခေတ်ဖြစ်တဲ့ စိတ်ဓာတ်ကျစရာကောင်းတဲ့ ၁၉၃၀ ခုနှစ်အလွန် ခေတ်အခါက လန်ဒန်မြို့မှာ မှာဖြစ်ပွားပြီး Mary Poppins Returns ဇာတ်လမ်းကို P.L Travers ရဲ့ ဝတ္ထုစာအုပ် ၇ အုပ်ထဲက အကြောင်းအရကြွယ်ဝမှုတွေထဲက ကောက်နှုတ်ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ယခုဇာတ်လမ်းထဲမှာတော့ Michael (Whishaw) နှင့် Jane (Mortimer) တို့က အရွယ်ရောက်နေကြပါပြီ။ Michael ၊ သူ့ကလေး ၃ ယောက်နှင့် အိမ်အကူ Ellen (Walters) တို့က Cherry Tree Lane မှာ နေထိုင်ကြပါတယ်။

Michael က ပုဂ္ဂိုလ်ရေးအရ ဆုံးရှုံးမှုဖြစ်ပွားပြီးနောက် ပဟေဠိဆန်တဲ့ ကလေးထိန်းMarryPoppins(Blunt) က Banks မိသားစုရဲ့ ဘဝထဲကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ သူမရဲ့ သူမတူတဲ့မှော်အစွမ်းနှင့်သူငယ်ချင်း Jack ရဲ့အကူအညီကတဆင့် သူတို့မိသားစုဘဝမှာပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ရှာဖွေပေးခဲ့တာဖြစ်ပါတယ်။

Marry Poppins က သူ့ရဲ့ အများနှင့်မတူ တစ်မူထူးခြားနေတဲ့ အစ်မဝမ်းကွဲ Topsy (Streep) အပါအဝင် တစ်မျိုးတစ်ဖုံဖြစ်နေပေမယ့် နှစ်သက်ဖွယ်ကောင်းတဲ့ ဇာတ်ကောင်အသစ်တွေနှင့်လည်း ကလေးတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။
Mary Poppins Returns ဇာတ်ကားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

  RII

 #Celebrity.thithtoolwin,com

  Ref:: Comingsoon