Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Nam Joo Hyuk နှင့် Shin Se Kyung တို့ပါဝင်ထားတဲ့ “Bride Of The Water God” ဇာတ်လမ်းတွဲ၏ ပိုစတာသစ်ထွက်ရှိလာ

Nam Joo Hyuk နှင့် Shin Se Kyung တို့ပါဝင်ထားတဲ့ “Bride Of The Water God” ဇာတ်လမ်းတွဲ၏ ပိုစတာသစ်ထွက်ရှိလာ

| No comment

tvN ရဲ့ “Bride Of The Water God” ဇာတ်လမ်းတွဲ ထုတ်လွှင့်ဖို့ ရက်နီးကပ်လာတာနှင့်အမျှ Nam Joo Hyuk နှင့် Shin Se Kyung တို့ပါဝင်ထားတဲ့ ပိုစတာသစ်လည်းထွက်ရှိလာပါတယ်။

ထွက်ရှိလာတဲ့ ပိုစတာထဲမှာ Shin Se Kyung က လှပတဲ့ အဖြူရောင်ဂါဝန်ကို ဆင်မြန်းထားပြီး Nam Joo Hyuk က မှောင်မိုက်တဲ့အရောင်ဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် ဇာတ်ကောင် ၂ ယောက်ဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ပိုစတာပေါ်မှာ “မင်းကို လိုက်ရှာနေတာ အရမ်းကြာနေပြီ ငါ့ရဲ့ အစေခံ။ ကျွန်မရဲ့ အရှင်သခင်” ဆိုတဲ့ စာသားတွေပါရှိပါတယ်။

“Bride Of The Water God” ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်ရေးအဖွဲ့က “Nam Joo Hyuk နှင့် Shin Se Kyung တို့ရဲ့ကြားက နတ်ဘုရားနဲ့ အစေခံ ဆက်ဆံရေးကိုရော နတ်ဘုရားတွေနဲ့ လူသားတွေရဲ့ ကမ္ဘာကို ကျော်လွန်သွားတဲ့ အချစ်ဇာတ်လမ်းကိုပါ သရုပ်ဖော်နိုင်အောင် ကြိုးစားထားပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးကို လွှမ်းမိုးထားတဲ့ ထူးဆန်းတဲ့ တင်းမာမှုတစ်ခုကို ကြည့်ရှုရင်းနဲ့ ပရိသတ်တွေက ဇာတ်လမ်းတွဲရဲ့ ဆွဲဆောင်မှုကို ခံစားမိလာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

tvN ရဲ့ “Bride Of The Water God” ဇာတ်လမ်းတွဲကို ဇူလိုင်လ ၃ ရက် ကိုရီးယားစံတော်ချိန် ည ၁၀း၅၀ မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

  RII

  #celebrity.thithtoolwin.com

  Source: Soompi