Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / NCT 127 အဖွဲ့၏ "Cherry Bomb" သီချင်းဗီဒီယို ထွက်ရှိလာ

NCT 127 အဖွဲ့၏ "Cherry Bomb" သီချင်းဗီဒီယို ထွက်ရှိလာ

| No comment

NCT 127 အဖွဲ့က တတိယမြောက် mini albumဖြစ်တဲ့ "NCT #127 CHERRY BOMB" နှင့်အတူ ပြန်လည်ရောက်ရှိလာပြီး ခေါင်းစီးသီချင်း "Cherry Bomb" အတွက် သီချင်းဗီဒီယိုလည်း ထွက်ရှိလာပါတယ်။

"Cherry Bomb" သီချင်းက ပြင်းထန်တဲ့ hip hop တီးလုံတွေပါဝင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အယ်လ်ဘမ်ထဲမှာ သီချင်း ၇ ပုဒ်ပါဝင်ပြီး ခေါင်စီးသီချင်းအပါအဝင် သီချင်း ၅ ပုဒ်ကို အဖွဲ့ဝင် Taeyong နှင့် Mark တို့က သီချင်းစာသားရေးသားရာမှာ ပူးပေါင်းပါဝင်ထားပါတယ်။

နာမည်ကျော် အကပညာရှင် Tony Testa က ဒီသီချင်းအတွက်  ကကွက်ဖန်တီးပေးထားပြီး "Fire Truck" သီချင်းနောက်ပိုင်း NCT 127 အဖွဲ့နှင့် ဒုတိယအကြိမ် လက်တွဲတာဖြစ်ပါတယ်။ Jaehyun က ကကွက်ကို သိမ်မွေ့ပေမယ့် ဆွဲဆောင်မှုရှိတဲ့ အကလို့ ဖော်ညွှန်းခဲ့ပါတယ်။

   RII

  #celebrity.thithtoolwin.com

   Source: Soompi