Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ပထမဆုံး Paddington 2 ဇာတ်လမ်းနမူနာထွက်ရှိ

ပထမဆုံး Paddington 2 ဇာတ်လမ်းနမူနာထွက်ရှိ

| No comment

TWC-Dimension က Hugh Grant နှင့် Brendan Gleeson တို့ပါဝင်လာတဲ့ ပထမဆုံး Paddington 2 ဇာတ်လမ်းနမူနာကို ထုတ်ပေးလိုက်ပါတယ်။ Paul King (Paddington, Come Fly with Me, The Mighty Boosh) ရိုက်ကူးထားပြီး King နှင့် Simon Farnaby (Paddington, Yonderland, Mindhorn) တို့ ဇာတ်လမ်းရေးသားထားတဲ့ နောက်ဆက်တွဲဇာတ်လမ်းမှာ Hugh Bonneville, Sally Hawkins, Julie Walters, Jim Broadbent, Peter Capaldi, Madeleine Harris နှင့် Samuel Joslin တို့ပါဝင်ပြီး Ben Whishaw က Paddington အဖြစ် အသံသရုပ်ဆောင်ထားပြီး Imelda Staunton က Aunt Lucy အဖြစ်သရုပ်ဆောင်ထားပါတယ်။

ကမ္ဘာတစ်လွှားမှာ အောင်မြင်ခဲ့တဲ့ မိသားစုဇာတ်လမ်းလေးရဲ့ နောက်ဆက်တွဲမှာတော့ Paddington က Brown မိသားစုနှင့်အတူ Windsor Gardens မှာ ပျော်ရွှင်စွာ အခြေချနေထိုင်နေပြီး သွားလေရာမှာ ပျော်ရွှင်မှုတွေနှင့် လိမ္မော်ယိုတွေ မျှဝေတတ်တဲ့အတွက် လူချစ်လူခင်ပေါများသူတစ်ယောက် ဖြစ်လာပါပြီ။ သူ့အဒေါ် Lucy ရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့အတွက် ပြီးပြည့်စုံတဲ့လက်ဆောင်ကို ရှာဖွေရင်း Paddington က Mr. Gruber ရဲ့ ပစ္စည်ဟောင်းရောင်းတဲ့ဆိုင်က ထူးခြားတဲ့ စာအုပ်တစ်အုပ်ကို တွေ့သွားပြီး ဝယ်ယူဖို့အတွက် ထူးထူးဆန်းဆန်းအလုပ်တွေလုပ်ခဲ့ပါတယ်။ ဒါပေမယ့် စာအုပ်က ခိုးခံလိုက်ရတဲ့အခါမှာတော့ သူခိုးကို ဖော်ထုတ်ဖို့က Paddington နှင့် Brown မိသားစုရဲ့ တာဝန်ဖြစ်လာပါတယ်။

Hugh Grant က Windsor Gardens ရဲ့ ဒေသခံ အနုပညာရှင် မာနထောင်လွှားနေတဲ့ နာမည်ကျော် သရုပ်ဆောင်ကနေ နာမည်ကျသွားတဲ့ Phoenix Buchanan အဖြစ်သရုပ်ဆောင်ထားပါတယ်။ Brendan Gleeson ကတော့ မီးခံသေတ္တာဖောက်ထွင်းသူဖြစ်ပြီး အာဏာရှင်ဆန်တဲ့ ဂိုဏ်းခေါင်းဆောင် “Knuckles” McGinty အဖြစ်သရုပ်ဆောင်ထားပြီး မထင်မှတ်ထားဘဲ Paddington ရဲ့ မိတ်ဆွေသစ်ဖြစ်လာပါတယ်။

Paddington 2 ကို ဆုများရှင် David Heyman (producer of all eight of the Harry Potter films, Gravity, The Boy in the Striped Pyjamas, Fantastic Beasts and Where to Find Them) က ထုတ်လုပ်ထားပါတယ်။

Paddington က ကမ္ဘာတစ်လွှားမှာ အမေရိကန်ဒေါ်လာ သန်း ၂၇၀ ဝင်ခဲ့ပြီး highest grossing independent (non-US studio) family film of all-time ဖြစ်ခဲ့ပါတယ်။Paddington 2 ကို ယူကေမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် ရုံတင်ပြသပြီး မြောက်အမေရိကမှာတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။


  RII

  #celebrity.thithtoolwin.com

  Ref: Comingsoon