Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Park Seo Joon နှင့် Kang Ha Neul တို့ပါဝင်ထားတဲ့ 'Young Cops' ရုပ်ရှင်ဇာတ်ကား နမူနာထွက်ရှိလာ

Park Seo Joon နှင့် Kang Ha Neul တို့ပါဝင်ထားတဲ့ 'Young Cops' ရုပ်ရှင်ဇာတ်ကား နမူနာထွက်ရှိလာ

| No comment


'Young Cops' ရုပ်ရှင်ဇာတ်ကား နမူနာထဲမှာ Park Seo Joon နှင့် Kang Ha Neul တို့က bromance ကို ပြသထားပါတယ်။

နွေရာသီမှာ ထွက်ရှိလာမည့် ရုပ်ရှင်ဇာတ်ကားတွေထဲမှာမှ 'Young Cops' က နိုးကြားတက်ကြွမှုနှင့် အသက်ဝင်တဲ့ ရယ်ရွှင်ဖွယ် ဇာတ်ကွက်တွေကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။ ဇာတ်ကားထဲမှာ ပြန်ပေးဆွဲမှုတစ်ခုကို မြင်လိုက်ရတဲ့ ရဲဝန်ထမ်းငယ်လေး ၂ ယောက်ကို အထင်မှားပြီး ပြစ်မှုကျူးလွန်သူအဖြစ် စွပ်စွဲခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ရဲဝန်ထမ်းငယ်လေး ၂ ယောက်က ဒီအမှုကို သူတို့ကိုယ်တိုင် စုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီဇာတ်ကောင် ၂ ယောက်ကို သရုပ်ဆောင်ထားတာကတော့ Park Seo Joon နှင့် Kang Ha Neul ပဲဖြစ်ပါတယ်။

လေးလံတဲ့ ဒရာမာဇာတ်လမ်းတွေဖြစ်တဲ့ 'The Battleship Island' နှင့် 'Taxi Driver' တို့နှင့်မတူဘဲ 'Youth Cops' ကတော့ ဟာသမြောက်ပြီး ကြိုတင်ခန့်မှန်းလို့မရတဲ့ ဇာတ်ကွက်တွေနှင့် ပရိသတ်တွေကို ဆွဲဆောင်ဖို့ မျှော်လင့်ထားပါတယ်။ Park Seo Joon နှင့် Kang Ha Neul တို့နှစ်ယောက်လုံးက ရုပ်ရည်ချောမောမှုအရရော သရုပ်ဆောင်မှုအရပါ အသိအမှတ်ပြုထားခံရတဲ့သူတွေ ဖြစ်တဲ့အတွက် ဒီဇာတ်ကားထွက်လာဖို့ကို လူအများက စောင့်စားနေကြပါပြီ။
'
Youth Cops' ကို ဩဂုတ်လထဲမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။



   RII

  #celebrity.thithtoolwin.com

   Source: Allkpop