Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Pitch Perfect 3 ဇာတ်လမ်းနမူနာ ထွက်ရှိလာ

Pitch Perfect 3 ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment

Universal Pictures က Pitch Perfect 3 ဇာတ်လမ်းနမူနာကို ဖြန့်ချိပေးလိုက်ပါပြီ။
Global box office မှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့ စာမျက်နှာသစ်ဖြစ်တဲ့ Pitch Perfect 3 ထဲမှာ Bellas တွေပြန်ရောက်လာကြပါပြီ။ အခုတော့ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီဆိုတော့ လက်တွေ့လောကကြီးထဲမှာ a cappella သီဆိုနေရုံနှင့် မလုံလောက်တော့ပါဘူး။

World Championships ပြိုင်ပွဲမှာ အနိုင်ရရှိပြီးနောက် Bellas တွေဟာ တကွဲတပြားစီဖြစ်နေပြီး နှုတ်ဖျားလေးကနေ ဂီတသံတွေ ဖန်တီးပြီး အလုပ်လုပ်လို့ရတဲ့ အလားအလာမရှိဘူးဆိုတာကို သိရှိခဲ့ရပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှာ USO tour အတွက် ပြန်လည်စုံစည်းဖို့ အခွင့်အရေးရလာတဲ့အခါမှာတော့ ထူးခြားပြီး ကြောင်တောင်တောင်နိုင်လှတဲ့ သူတို့အဖွဲ့ဟာ သီချင်းတွေ ဖန်တီးဖို့နှင့် သံသယဖြစ်ဖွယ် ဆုံးဖြတ်ချက်တွေချဖို့ နောက်ဆုံးတစ်ကြိမ် ပြန်လည်တွေ့ဆုံကြဦးမှာဖြစ်ပါတယ်။

Anna Kendrick, Rebel Wilson, Hailee Steinfeld, Brittany Snow, Anna Camp, Hana Mae Lee, Ester Dean, Alexis Knapp, Chrissie Fit, Kelley Jakle, Shelley Regner, Elizabeth Banks နှင့် John Michael Higgins တို့အားလုံး ပြန်လည်ပါဝင်ထားပြီး  John Lithgow နှင့် Ruby Rose တို့လည်းပါဝင်လာပါတယ်။

ပထမဇာတ်လမ်း ၂ ခုအတွက် ဇာတ်ညွှန်းရေးသားခဲ့တဲ့ Kay Cannon ကပဲ တတိယမြောက်ဇာတ်ကားအတွက် ရေးသားပေးထားပါတယ်။ Music video ဒါရိုက်တာ Trish Sie က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှာ ရုံတင်ပြသမည့် ဒီဇာတ်ကားနှင့်အတူ ရုပ်ရှင်ဒါရိုက်တာအဖြစ် ပွဲဦးထွက်မှာဖြစ်ပါတယ်။

Pitch Perfect 3 ကို Elizabeth Banks, Gold Circle Entertainment မှ Paul Brooks နှင့် Brownstone Productions မှ Max Handelman တို့က ထုတ်လုပ်ထားပါတယ်။



      RII

       #celebrity.thithtoolwin.com

        Source: Comingsoon