Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Robert Pattinson ပါဝင်ထားတဲ့ Good Time ဇာတ်လမ်းနမူသစ်ထွက်ရှိလာ

Robert Pattinson ပါဝင်ထားတဲ့ Good Time ဇာတ်လမ်းနမူသစ်ထွက်ရှိလာ

| No comment

A24 က Good Time ဇာတ်လမ်းနမူသစ်ကို ဖြန့်ချိလိုက်ပါတယ်။
ဒီဇာတ်ကားမှာ Robert Pattinson (Cosmopolis, The Twilight Saga), Jennifer Jason Leigh (The Hateful Eight, Anomalisa) နှင့် Barkhad Abdi (Captain Phillips,  Blade Runner 2049) တို့က ပါဝင်သရုပ်ဆောင်ထားပြီး Buddy Duress, Taliah Wesbter နှင့် Benny Safdie တို့က တွဲဖက်ရိုက်ကူးထားပါတယ်။

သေချာမစီစဉ်ထားတဲ့ ဘဏ်ဓားပြတိုက်မှုကြောင့် ညီငယ်ဖြစ်သူ ထောင်ကျသွားပြီးနောက်မှာ Constantine “Connie” Nikas (Pattinson) က သူ့ညီ Nick (Benny Safdie) ကို ထောင်ထဲက ကယ်ထုတ်ဖို့အတွက် ကြံမိကြံရာလုပ်ရင်း မြို့ရဲ့ ဒုစရိုက်လောကကတစ်ဆင့် အန္တရာယ်များတဲ့ စွန့်စားခန်းခရီးရှည်တစ်ခု ထွက်ခဲ့ပါတယ်။ သူတို့တွေရဲ့ အသက်အန္တရာယ်ရှိနေတဲ့အတွက် သူ့ညီနှင့် သူ့ကိုယ့်သူကို ကယ်တင်ဖို့အတွက် အချိန်လုရင်း တစ်ညမှာတော့ Connie က ရက်စက်ကြမ်းကြုတ်တဲ့ဖြစ်ရပ်ထဲကို ကျရောက်ခဲ့ရပါတယ်။

Ronald Bronstein နှင့် Josh Safdie တို့က ဇာတ်ညွှန်းရေးသားထားပြီး The Safdie brothers (Heaven Knows What) က ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို ဩဂုတ်လ ၁၁ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


    Bruce

    #celebrity.thithtoolwin.com

     Source: Comingsoon