Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Shawn Mendes ၏ 'There's Nothing Holdin' Me Back' သီချင်းဗီဒီယို ထွက်ရှိလာ

Shawn Mendes ၏ 'There's Nothing Holdin' Me Back' သီချင်းဗီဒီယို ထွက်ရှိလာ

| No comment

ကနေဒါလူမျိုး အဆိုတော်က ဥရောပမှာ နယ်လှည့်ဖျော်ဖြေနေစဉ်မှာ 'Illuminate'အယ်လ်ဘမ်ထဲက သီချင်းအတွက် ဗီဒီယိုကို Paris, Amsterdam နှင့် UnitedKingdom တွေမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
Shawn Mendes က 'Illuminate' အယ်လ်ဘမ်ထဲက နောက်ဆုံးထွက်လာတဲ့ 'There'sNothing Holdin' Me Back' သီချင်းဗီဒီယိုသစ်ထဲမှာ ပရိသတ်တွေကိုဥရောပတစ်ခွင် လှည့်လည်ပြသထားပါတယ်။

Paris, Amsterdam နှင့် United Kingdom တွေမှာ ရိုက်ကူးထားတဲ့ဗီဒီယိုထဲမှာ Shawn Mendes နှင့် သူ့ချစ်သူအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသမီး Ellie Bamber တို့က Mendes က နယ်လှည့်ဖျော်ဖြေနေစဉ်မှာဥရောပတစ်ခွင်ကို လည်ပတ်ခဲ့ပါတယ်။ သူတို့စုံတွဲက ရထားလည်းစီးပြီးပင်လယ်ကမ်းရိုးတမ်းတစ်လျှောက်ကိုလည်း လမ်းလျှောက်ထွက်ကြတဲ့ ပုံရိပ်တွေကိုMendes ရဲ့ ဖျော်ဖြေပွဲက ပုံရိပ်တွေနှင့် ရောနှောပြသထားပါတယ်။

“ကျွန်တော်က ဒီသီချင်းအတွက် စွန့်စားခန်းကို နှစ်သက်တဲ့ စိတ်ဓာတ်ကိုဖော်ပြတဲ့ ဗီဒီယိုမျိုး ရိုက်ပြချင်ခဲ့တာ။ ဥရောပတစ်ခွင်က ရှုခင်းတွေနဲ့မတူညီတဲ့ လှပတဲ့ မြို့တော်တွေမှာ ရိုက်ရတာထက် ပိုကောင်းတဲ့
နေရာမရှိတော့ဘူးလို့ ခံစားမိတယ်” လို့ Mendes က ဗီဒီယိုအကြောင်းကိုပြောပြပါတယ်။

“ဒီသီချင်းက ကိုယ်ချစ်တဲ့သူရဲ့နောက်ကို ကမ္ဘာဆုံးထိလိုက်မယ်ဆိုပြီးတစ်စုံတစ်ယောက်ကို နှစ်သက်လွန်းလို့ ကိုယ့်ကိုတောင် လုပ်နိုင်မယ်လို့မထင်ထားတဲ့ ဆုံးဖြတ်ချက်တွေ ချမိတဲ့အကြောင်းပါ။ ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ကြားက ဆက်ဆံရေးနဲ့ သူတို့ရဲ့ ခရီးစဉ်ကို အဖြူစင်ဆုံးပုံဖော်နိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးချင်တာပါ”ဇူလိုင်လထဲမှာ Mendes က ၂ လကြာ မြောက်အမေရိက နယ်လှည့်ဖျော်ဖြေပွဲကျင်းပမှာဖြစ်ပါတယ်။

    RII

    #celebrity.thithtoolwin.com

   Source: RollingStone