Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / SM STATION အတွက် သီချင်းတွဲဆိုမည့် NCT အဖွဲ့ဝင် Mark နှင့် EXO အဖွဲ့ဝင် Xiumin

SM STATION အတွက် သီချင်းတွဲဆိုမည့် NCT အဖွဲ့ဝင် Mark နှင့် EXO အဖွဲ့ဝင် Xiumin

| No comment

NCT အဖွဲ့ဝင် Mark နှင့် EXO အဖွဲ့ဝင် Xiumin တို့ကို SM STATION ရဲ့ ဒုတိယမြောက် season အတွက် သီချင်းသစ်ထွက်မည့် အနုပညာရှင်တွေအဖြစ် ရွေးချယ်လိုက်ပါတယ်။

“Young & Free” လို့ အမည်ပေးထားတဲ့ မြူးကြွတဲ့ သီချင်းကို ဇူလိုင်လ ၇ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီတွင် music sites အမျိုးမျိုးမှာ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဒီသီချင်းကနေတဆင့် သူတို့က ၂ ယောက်က ဘယ်လို ဆွဲဆောင်မှုတွေ ပြသသွားမလဲဆိုတာ ပရိသတ်တွေက သိချင်နေပြီဖြစ်တဲ့အတွက် စိတ်ဝင်စားမှု အများအပြားရရှိနေပါတယ်။

SM STATION က IMLAY နှင့် Sik-K တို့ တွဲဖက်သီဆိုထားတဲ့ “Decalcomanie” သီချင်းကိုလည်း ဇွန်လ ၃၀ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ဖြန့်ချိမှာဖြစ်ပါတယ်။
NCT အဖွဲ့ဝင် Taeyong ကလည်း SM STATION ကတဆင့် EDM ဂီတပညာရှင် Hitchhiker နှင့်အတူ

“Around” လို့ အမည်ရတဲ့ သီချင်းတစ်ပုဒ်ကို ပြီးခဲ့တဲ့လက ဖြန့်ချိခဲ့ပါသေးတယ်။ လတ်တလောမှာ NCT 127 အဖွဲ့က “Cherry Bomb” အယ်လ်လမ်နှင့်အတူ ပရိသတ်တွေထံ ပြန်ရောက်လာပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်က music show မှာ ပထမဆုံးအကြိမ် ဆုရရှိခဲ့ပါတယ်။

     RII

   #celebrity.thithtoolwin.com

   Source: Soompi