Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အကူအညီလိုအပ်နေတဲ့ ကလေးသူငယ်များအတွက် ကိုရီးယားငွေ သန်း ၁၀၀ လှူဒါန်းခဲ့တဲ့ So Ji Sub

အကူအညီလိုအပ်နေတဲ့ ကလေးသူငယ်များအတွက် ကိုရီးယားငွေ သန်း ၁၀၀ လှူဒါန်းခဲ့တဲ့ So Ji Sub

| No comment


မင်းသား So Ji Sub က NGO Good Neighbors ကို ကိုရီးယားငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၈၉၀၀၀ နီးပါ) လှူဒါန်းခဲ့ပါတယ်။

Good Neighbors က "မင်းသား So Ji Sub က ဝင်ငွေနည်းတဲ့ မိသားစုက မိန်းကလေးတွေနဲ့ နှိပ်စက်ခံရတဲ့ ကလေးတွေကို ကုသဖို့အတွက် ကိုရီးယားငွေ သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ သူက 'The Good Neighbors Club' ရဲ့ ပမာဏအများကြီး  လှူဒါန်းတတ်တဲ့ အဖွဲ့ဝင်လည်းဖြစ်လာပါပြီ" လို့ ပြောပါတယ်။

သူက ၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ 'TWENTY: The Moment' fanmeeting က ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို လှူဒါန်းတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ သူက "အဓိပ္ပာယ်ရှိတဲ့နေရာမှာ ပရိသတ်တွေနဲ့ ပျော်ရွှင်ခဲ့တဲ့ အာရှပရိသတ်တွေဆုံပွဲက ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို အသုံးပြုရတဲ့အတွက် ဝမ်းသာမိပါတယ်။

အနုပညာအလုပ်တွေ စလုပ်ကတည်းက ပရိသတ်တွေ ချစ်ခင်တာကို ခံခဲ့ရတဲ့အတွက် အဲ့ဒီအချစ်တွေကို မျှဝေရင်း ပရိသတ်တွေနဲ့အတူ ကောင်းမှုလုပ်တယ်လို့ စဉ်းစားပြီး အလှူလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ" လို့ ပြောပြခဲ့ပါတယ်။

   RII

  #celebrity.thithtoolwin.com

  Source: Allkpop