Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Song Joong Ki က “Battleship Island” ရုပ်ရှင် ရိုက်ကူးရေးအတွက် ပြင်ဆင်ခဲ့ရပုံတွေကို ပြောကြား

Song Joong Ki က “Battleship Island” ရုပ်ရှင် ရိုက်ကူးရေးအတွက် ပြင်ဆင်ခဲ့ရပုံတွေကို ပြောကြား

| No comment



Song Joong Ki က ရုပ်ရှင်သစ် “Battleship Island” ရိုက်ကူးရင်း ရရှိခဲ့တဲ့အတွေ့အကြုံတွေကို ဖွင့်ဟပြောကြားခဲ့ပါတယ်။

“Battleship Island” အတွက် ဇွန်လ ၅ ရက်က စာနယ်ဇင်းရှင်းလင်ပွဲပြုလုပ်ရာမှာ Song Joong Ki က “Battleship Island က သမိုင်းဝင် မှတ်တိုင်နယ်မြေဖြစ်ကြောင်း ကျွန်တော် သေချာမသိခဲ့ပါဘူး။ ကျွန်တော်တောင် မသိဘူးဆိုရင် ဒီသမိုင်းကြောင်းကို ဒီနေ့ခေတ်ကလေးတွေ ဘယ်လောက်များ သိပါ့မလဲဆိုပြီး ကျွန်တော်တွေးမိပါတယ်” လို့ ဝန်ခံခဲ့ပါတယ်။

ဆက်လက်ပြီးတော့ “‘Battleship Island’ က အမြတ်ထွက်အောင် ရိုက်တဲ့ဇာတ်ကားဆိုတော့ ထူးချွန်ပြောင်မြောက်တဲ့ တင်ဆက်မှုလက်ရာကို ဖန်တီးဖို့က ဦးစားပေးဖြစ်ပေမယ့် ရိုက်ကူးရေးလုပ်နေစဉ်မှာ သမိုင်းကြောင်းတွေအများကြီး လေ့လာဖြစ်ခဲ့ပါတယ်။ ရိုက်ကူးရေးလုပ်ရင်း ဇာတ်ကားရဲ့ တင်းမာမှုနဲ့ ဖိအားတွေထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် အပြည့်အဝနှစ်မြှုပ်ထားခဲ့ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ပြန်လာတဲ့အခါမှာ “Battleship Island” ထဲက ဇာတ်ကောင်မျိုးမဟုတ်ဘဲ တစ်ကိုယ်တော် ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ချင်တဲ့ ဆန္ဒမဖြစ်ခဲ့ဘူးလားလို့ မေးတဲ့အခါမှာတော့ “ကျွန်တော် လေးစားရတဲ့ ဒါရိုက်တာ Ryu Seung Wan နဲ့အတူ လက်တွဲရတော့ ပျော်နေတာပါ။ ‘ဒီဇာတ်ကားကို ရိုက်ရင် တစ်ကိုယ်တော် ခေါင်းဆောင်မင်းသားဖြစ်မယ်’ ဆိုတာမျိုးတွေ ကျွန်တော် မတွေးမိပါဘူး” လို့ Song Joong Ki က ဖြေခဲ့ပါတယ်။

စစ်မှုထမ်းပြီး ပြန်ထွက်လာလာချင်း ရုပ်ရှင်အရမ်းရိုက်ချင်ခဲ့တာဖြစ်ပေမယ့် စီစဉ်ထားတဲ့အတိုင် မဖြစ်မြောက်ခဲ့ကြောင်း မင်းသားက ဆက်လက်ရှင်းလင်းပြောကြားခဲ့ပါတယ်။ “ဒါကြောင့် “Battleship Island” က ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးအရ အလွန်အရေးပါပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“Battleship Island” ရုပ်ရှင်က ဂျပန်နိုင်ငံက ကိုရီးယားနိုင်ငံကို သိမ်းပိုက်ထားတဲ့အချိန်မှာ ဂျပန်နိုင်ငံရဲ့ Hashima Island သို့မဟုတ် Gunkanjima လို့ လူသိများကြတဲ့ Battleship Island သို့ ဖိအားပေးပြီး ခေါ်ဆောင်သွားခံရတဲ့ ကိုရီးယားလူမျိုးတွေအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဇူလိုင်လမှာ ရုံတင်ပြသမှာဖြစ်ပြီး နာမည်ကျော်တွေဖြစ်တဲ့ Hwang Jung Min, So Ji Sub, Lee Jung Hyun နှင့် သရုပ်ဆောင်များစွာပါဝင်ထားပါတယ်။

    RII

  #celebrity.thithtoolwin.com

   Source: Soompi