Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Spider-Man ဝတ်စုံဆင်မြန်ပြီး ကလေးဆေးရုံကို သွားရောက်ခဲ့တဲ့ Spider-Man: Homecoming မင်းသား Tom Holland

Spider-Man ဝတ်စုံဆင်မြန်ပြီး ကလေးဆေးရုံကို သွားရောက်ခဲ့တဲ့ Spider-Man: Homecoming မင်းသား Tom Holland

| No comment



Spider-Man အဖြစ် သရုပ်ဆောင်မနေတဲ့အချိန်မှာတော့ Tom Holland က သူ့ရဲ့ ခင်မင်ဖွယ် အိမ်နီးချင်း စူပါဟီးရိုးဇာတ်ကောင်ကို အသုံးချပြီး နေမကောင်းဖြစ်နေတဲ့ ကလေးတွေရဲ့ မျက်နှာပေါ်ကို အပြုံးတွေ ယူဆောင်လာပါတယ်။

ဗြိတိသျှသရုပ်ဆောင်က Children's Hospital Los Angeles က ကလေးတွေကို ဝတ်စုံဆင်မြန်းပြီး နှုတ်ဆက်ခဲ့ပါတယ်။ကံကောင်းတဲ့ လူနာတစ်ယောက်ကိုတောင် ဆေးရုံစင်္ကြံထဲမှာ spidey ပုံစံဂျွန်းပစ်ပြခဲ့ပါသေးတယ်။

ဒါကတော့ အားလုံးရဲ့အချစ်တော်မင်းသားက ပျော်ရွှင်မှုတွေ ကူးစက်စေဖို့ ကလေးဆေးရုံကို လာရောက်ခဲ့တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။  အစက် ၂၀ အရွယ်မင်းသားက အတ္တလန်တာမှာ Marvel ရဲ့ Spider-Man: Homecoming ရိုက်ကူးနေစဉ်ကလည်း Eagleston Children's Hospital ကို သွားရောက်ခဲ့ပြီး နောက်လအနည်းငယ်အကြာမှာ New York-Presbyterian Morgan Stanley Children's Hospital ကို သွားရောက်ခဲ့စဉ်မှာတော့ DC ပရိသတ်ကလေးငယ်တစ်ယောက်က Batman က ပိုသာကြောင်း ငြင်းချက်ထုတ်ခဲ့ပါတယ်။

Spider-Man: Homecoming ကို ဇူလိုင်လ ၇ ရင်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


   RII

 #celebrity.thithtoolwin.com

 Source: EW