Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Transformers ဇာတ်လမ်းကနေ ခွဲထွက်လာတဲ့ Bumblebee ဇာတ်ကားကို ၁၉၈၀ ခုနှစ်မှာ ဇာတ်လမ်းတည်မည်

Transformers ဇာတ်လမ်းကနေ ခွဲထွက်လာတဲ့ Bumblebee ဇာတ်ကားကို ၁၉၈၀ ခုနှစ်မှာ ဇာတ်လမ်းတည်မည်

| No comment




နောက်ဆုံးထွက် Empire မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ Paramount Pictures ရဲ့ ပထမဆုံး Transformers spin-off ဖြစ်မည့် Bumblebee ဇာတ်ကားကို Transformers brand ရဲ့ လူကြိုက်များမှု အထွတ်အထိပ်ရောက်နေတဲ့ ၁၉၈၀ ခုနှစ်မှာ ဇာတ်လမ်းတည်မှာဖြစ်ပါတယ်။ ဒါဟာ သူ့ကို ပထမဆုံး ဇာတ်ကားမှာ အနည်းငယ်သာ မြင်ခဲ့ရတဲ့ အဝါရောင် Volkswagen Beetle ကားအဖြစ် မြင်ရမယ်ဆိုတဲ့ သဘောများလား?
Bumblebee ကို အဓိကထားပြီး ငယ်ရွယ်တဲ့ ပရိသတ်တွေအတွက် ရည်ရွယ်တာဖြစ်တဲ့အတွက် ဒီဇာတ်ကားထဲမှာ Autobots နှင့် Decepticons တွေကို သမားရိုးကျ Transformers ဇာတ်ကားတွေထဲမှာ မြင်ရသလောက်တော့ တွေ့မြင်ရမှာမဟုတ်ပါဘူး။

Hailee Steinfeld က ဒီဇာတ်ကားထဲမှာ ကျောင်းပြီးသွားပြီးနောက် စက်ပြင်ဆရာအဖြစ် လုပ်ကိုင်နေတဲ့ ယောက်ျာရှာတစ်ယောက်အဖြစ် ပါဝင်မှာပါ။ animation studio LAIKA အတွက် အော်စကာဆု ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ Kubo and the Two Strings ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Travis Knight က Bumblebee ကို ရိုက်ကူးမှာဖြစ်ပါတယ်။ Christina Hodson (Shut In) က ဇာတ်ညွှန်းရေးသားထားပါတယ်။

Bumblebee ကို ပထမဆုံး စတင်မိတ်ဆက်ကတည်းက ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့တာပါ။ သူက ဇာတ်ကောင်ရဲ့ အစောပိုင်းပုံစံမှာ Volkswagen Beetle ကားကနေ ပြောင်းလဲလာတာဖြစ်ပါတယ်။Transformers Cinematic Universe ထဲမှာ သူက Chevrolet Camaro အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ဒီဇာတ်ကောင်က  Mark Wahlberg, Jerrod Carmichael, Isabela Moner, Josh Duhamel, Anthony Hopkins, Laura Haddock, Santiago Cabrera, Liam Garrigan နှင့် Stanley Tucci တို့ပါဝင်ထားတဲ့ Transformers: The Last Knight ဇာတ်ကားထဲမှာလည်း ပါဝင်မှာဖြစ်ပါတယ်။

Transformers: The Last Knight ကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၁ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Christina Hodson, Brian Holdner, Stephen Davis, Lorezo Di Bonaventura, Michael Bay နှင့် Steven Spielberg တို့က Bumblebee ဇာတ်ကားကို ထုတ်လုပ်မှာဖြစ်ပါတယ်။


     RII

   #celebrity.thithtoolwin.com

     Source: Comingsoon